၁။ မျိုးရွေးချယ်ခြင်း
- ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော၊ စျေးကွက်ရှိသောမျိုးများကို ရွေးချယ်ပါ။
- အထွက်နှုန်းကောင်း၍ ဆန်အရည်အသွေးမြင့်မားသောမျိုးများကို ဦးစားပေးရွေး ချယ်ပါ။
- မိုးရာသီတွင် အောက်မြန်မာပြည်၌ သက်လတ်အထွက်ကောင်းစပါးမျိုးများဖြစ် သော မနောသုခ၊ ကျော်ဇေယျ၊ မှော်ဘီ ၂၊ ရွှေဝါထွန်း၊ ဧရာမင်း၊ ဆင်းသွယ်လတ် နှင့် ဆန်အရည်အသွေးကောင်းမျိုးများဖြစ်သော ပေါ်ဆန်းမွေး၊ လုံးသွယ်မွှေး၊ အင်းမရဲဘော်၊ ဇီယာ (နှံကားမီးကောက်) စသည့်မျိုးများကိုရွေးပါ။
- နွေရာသီတွင်ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသော သတ်လျင်အထွက်ကောင်း မျိုးများဖြစ်သည့် ရတနာအောင်၊ ရွှေသွယ်ရင်၊ သီးထပ်ရင်၊ IR-747 နှင့် သတ်လက်စပါးမျိုးများဖြစ်သော မနောသုခ၊ ရေဆင်းလုံးသွယ် စသည့်မျိုးများကို ရွေးပါ။
၂။ မျိုးစေ့ရယူစုဆောင်းခြင်း
- မျိုးစေ့ဌာနခွဲမှထုတ်လုပ်သည့် မျိုးသန့်မျိုးပွားမျိုးစေ့များကို စိုက်ပျိုးချိန်ရာသီမီ ရရှိ ရေးအတွက် ဒေသဆိုင်ရာမြို့နယ်မန်နေဂျာရုံးသို့ ဆက်သွယ်ပါ။
- စိုက်ခင်းတစ်ဧကလျှင် မျိုးစေ့ (၁-၁.၅) တင်းနှုန်းဖြင့် မိမိစိုက်ပျိုးလိုသည့် ဧက အတွက် လိုအပ်ချက် မျိုးစပါးတင်းအရည်အတွက်ကို ကြိုတင်စုဆောင်းပါ။
- လက်ခံရရှိသည့် မျိုးစေ့အိတ်အတွင်းနှင့်အပြင်တွင် မျိုးစေ့ထောက်ခံချက် လေဘယ် ကဒ်ပြားများ ပါ-မပါ စစ်ဆေးပါ။
- မျိုးစေ့မျိုးပွားမျိုးစေ့အတွက် သတ်မှတ်ချက်စံချိန်စံညွှန်းများမှာ -
(က) မျိုးသန့်စင်မှုရာခိုင်နှုန်း(အနည်းဆုံး) - ၉၈%
(ခ) အပင်ပေါက်ရာခိုင်နှုန်း (အနည်းဆုံး) - ၈၅ %
(ဂ) အစိုဓါတ်ရာခိုင်းနှုန်း (အနည်းဆုံး) - ၁၃ %
- ပျိုးမထောင်မီကာလအတွင်း မျိုးစေ့အိတ်များကို လေဝင်လေထွက်ကောင်းပြီး ရေမိုးလုံခြုံသော၊ ကြွက်ဖျက်ဆီးမှုကင်းလွတ်သော နေရာတွင် စနစ်တကျသိုလှောင် ထားပါ။
- ပျိုးမထောင်မီမျိုးစပါးကို စနစ်တကျစကောနှင့်ဝိုင်းပြီး ပြာတီးထားပါ။
၁၀။ မြေနေရာရွေးချယ်ခြင်း
- ရေထိန်းနိုင်စွမ်းကောင်းသော နုံးစနယ်မြေ အမျိုးအစားကိုရွေးပါ။
- မြေအနိမ့်အမြင့်ညီညာပြီး၊ ရေသွင်းရေထုတ်လွယ်ကူသည့်မြေကိုရွေးပါ။
- လမ်းပန်းဆက်သွယ်မှု လွယ်ကူသည့်နေရာကိုရွေးပါ။
- မြေဆီသြဇာထက်သန်၍ အရိပ်လွတ်၊ အလင်းရောင်ကောင်းစွာရနေရာ မြေကွက်ကိုရွေးပါ။
- အထူးသဖြင့်မြေညီညာရမည်၊ရေနေရေထိုင်ကောင်းရမည်၊ မြေဆီလွှာအဆင့်အတန်း ညီရမည်။
- မြေဆီလွှာအဆင့်အတန်း မညီညာပါက သီးနှံပင်ဖြစ်ထွန်းမှု မညီညာခြင်း၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်မညီညာခြင်း ဖြစ်ပေါ်ပြီး မျိုးကွဲပယ်ရာတွင် အခက်အခဲဖြစ်နိုင်ပါသည်။
- ယခင်နှစ် (သို့) ယခင်ရာသီတွင် စပါးမျိုးတူ၊ မျိုးစေ့အဆင့် (Seed Class) တူညီခဲ့ သောမြေကွက်ကို ဦးစားပေးရွေးပါ။
- ယခင်နှစ်တွင် စပါးမျိုးမတူ (မျိုးကွဲ) သို့မဟုတ် မျိုးတူမျိုးစေ့အဆင့်နိမ့်သည့် မျိုး စိုက်ခဲ့ပါက ကြားရာသီတွင် အခြားသီးနှံတစ်မျိုး (ဥပမာ-ပဲမျိုးစုံ၊ နှမ်း) စိုက်ခဲ့သည့် မြေကွက်ကိုရွေးပါ။
- အပိုဒ် (၄-၅) ပါ မြေကွက်အမျိုးအစားများ မရနိုင်ပါက မျိုးစေ့အကြွင်းအကျန်များ ကင်းစင်ရန် ရိုးပြတ်များမီးရှို့ခြင်း၊ ကောက်လေများပျက်စီးစေရန် အကြိမ်ကြိမ် ထယ်ထိုး၊ ထွန်မွှေ၍ရေသွင်းပြီး သမန်းပုပ်အောင်အချိန်ယူဆောင်ရွက်ပါ။
- သဲဆန်လွန်းသော မြေအမျိုးအစားကို ရှောင်ပါ။
- ရေကြီးနစ်မြုပ်လေ့ရှိသော မိုးခေါင်ပျက်စီးလေ့ရှိသော ဧရိယာအတွင်း တည်ရှိသည့် မြေကွက်ကိုရှောင်ပါ။
- ပိုးမွှားရောဂါထူပြောစွာ ကျရောက်လေ့ရှိပြီး ယခင်ရာသီတွင် ပိုးမွှားရောဂါပြင်းထန် စွာ ကျရောက်ခဲ့သည့် မြေကွက်ကိုရှောင်ပါ။
- ပိုးမွှားရောဂါထူပြောစွာ ကျရောက်လေ့ရှိသော ယခင်ရာသီက ပိုးမွှားရောဂါ ပြင်းထန်စွာ ရောဂါကျရောက်ခဲ့သည့် မြေကွက်ကိုရှောင်ပါ။
- လက်မခံနိုင်သည့်ပေါင်း (နှိမ်နှင်းရန်ခက်၊ အဆိပ်အတောက်ဖြစ်စေသော ပေါင်းထူစွာ ပေါက်လေ့ရှိသော) မြေကွက်ကိုရှောင်ပါ။
- စိုက်ခင်းအတွက် ရွေးရာတွင် မျိုးရောမှုကာကွယ်နိုင်ရန် အခြားမျိုးစိုက်ခင်းနှင့် အနည်းဆုံး (၁၀) ပေအကွာအဝေးထား၍ စိုက်ပျိုးပါ။
၁၁။ မျိုးသန့်မျိုးစေ့ထုတ်လုပ်ရာတွင် သတိပြုရန်အချက်များ
- မျိုးစေ့အဆင့်အလိုက် မျိုးစေ့ရယူမှု ( Seed Flow) မှန်ကန်စွာရွေးချယ်ရန်၊
- စိုက်နည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးရန်၊
- မျိုးစေ့သန့်စင်ရေးဆောင်ရွက်မှုအဆင့်တိုင်းတွင် သတ်မှတ်ချက်များနှင့်အညီ စနစ် တကျ ဆောင်ရွက်ရန်၊
- ထွက်ရှိလာသည့်မျိုးစေ့ကို အရည်အသွေးစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီ မှသာ မျိုးအဖြစ်သုံးစွဲရန်၊
- မျိုးစေ့ရယူမှု (Seed Source) မှန်ကန်သော်လည်း သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်မှုမရှိပါက မိဘမျိုးစေ့ (BS) ပင် စိုက်စေကာမူ သီးနှံစေ့ (Grain) သာရမည်ကို သတိပြုရန်လိုအပ်ပါသည်။