2 Jul 2019

(၁၅) ကြိမ်မြောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် (၁၅)၊ ဝန်ကြီးရုံးတွင် (၁၈.၆.၂၀၁၉) ရက်နေ့၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဒုတိယဝန်ကြီးနှင့်တကွ သက်ဆိုင်ရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် သီးနှံကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ပါသည်။ မျိုးသစ်အသိအမှတ်ပြုလက်မှတ်ရရှိရန် တင်ပြလာသည့် သီးနှံ (၁၂ ) မျိုး၏ မျိုးကွဲ ( ၅၄) မျိုးနှင့် မိဘမျိုးလိုင်း (၁၀) လိုင်းတို့ကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရန် ခွင့်ပြုခဲ့ပါသည်။