
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး (Technical Expert Review Meeting)အား၂၇.၁၀.၂၀၁၈ ရက်နေ့ နံနက် ၉း၀၀နာရီအချိန်တွင်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရုံးအမှတ် (၁၆)၌ ကျင်းပ ပြုလုပ်ရာ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့နှင့် GIZ မှ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ယွန်းပညာကောလိပ်(ပုဂံ)မှ တာဝန်ရှိသူများ၊ ယွန်းလုပ်ငန်းရှင်များ၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ(အမရပူရ)မှ တာဝန်ရှိသူများ၊ ရက်ကန်းလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး အဖွဲ့မှNSSA Level အဆင့်အလိုက် ကျွမ်းကျင်မှုအဆင့်များ စစ်ဆေးသတ်မှတ်ပေးနိုင်ရန် Assessment Centre များထူထောင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြပါသည်။