ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ
အမိန့်ကြော်ငြာစာအမှတ် ( ၈ / ၂၀၁၈)
၁၃၈၀ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်
(၂၀၁၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်)
မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း
၁။ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီသည် မျိုးစေ့ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ခ) အရ “မျိုးစေ့ကျွမ်းကျင် မှုဆိုင်ရာကော်မတီ” ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-
(က) | ညွှန်ကြားရေးမှူးချုပ် စိုက်ပျိုးရေးဦးစီးဌာန |
ဥက္ကဌ |
(ခ) | ညွှန်ကြားရေးမှူးချုပ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန |
ဒုတိယဥက္ကဌ |
(ဂ) | ဒုတိယညွှန်ကြားရေးမှူးချုပ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန |
အဖွဲ့ဝင် |
(ဃ) | ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) စိုက်ပျိုးရေးဦးစီးဌာန |
အဖွဲ့ဝင် |
(င) | ညွှန်ကြားရေးမှူး ဆီထွက်နှင့် ပဲမျိုးစုံသီးနှံဌာနခွဲ စိုက်ပျိုးရေးသုတေသနဦးစီးဌာန |
အဖွဲ့ဝင် |
(စ) | ညွှန်ကြားရေးမှူး စက်မှုသီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဌာနခွဲ စိုက်ပျိုးရေးသုတေသနဦးစီးဌာန |
အဖွဲ့ဝင် |
(ဆ) | ညွှန်ကြားရေးမှူး ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ စိုက်ပျိုးရေးဦးစီးဌာန |
အဖွဲ့ဝင် |
(ဇ) | ညွှန်ကြားရေးမှူး သကြားထွက်သီးနှံဌာနခွဲ စိုက်ပျိုးရေးဦးစီးဌာန |
အဖွဲ့ဝင် |
(စျ) | ညွှန်ကြားရေးမှူး ကော်ဖီ၊ ရာသီသီးနှံဌာနခွဲ စိုက်ပျိုးရေးဦးစီးဌာန |
အဖွဲ့ဝင် |
(ည) | ညွှန်ကြားရေးမှူး နှစ်ရှည်သီးနှံဌာနခွဲ စိုက်ပျိုးရေးဦးစီးဌာန |
အဖွဲ့ဝင် |
(ဋ) | ညွှန်ကြားရေးမှူး စိုက်ပျိုးပညာပေးရေးဌာနခွဲ စိုက်ပျိုးရေးဦးစီးဌာန |
အဖွဲ့ဝင် |
(ဌ) | ညွှန်ကြားရေးမှူး ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ စိုက်ပျိုးရေးဦးစီးဌာန |
အဖွဲ့ဝင် |
(ဍ) | ညွှန်ကြားရေးမှူး သီးနှံကာကွယ်ရေးဌာနခွဲ စိုက်ပျိုးရေးဦးစီးဌာန |
အဖွဲ့ဝင် |
(ဎ) | ညွှန်ကြားရေးမှူး မူဝါဒနှင့် စီမံကိန်းဌာနခွဲ စီမံကိန်းဦးစီးဌာန |
အဖွဲ့ဝင် |
(ဏ) | ပါမောက္ခ လယ်ယာသီးနှံစိုက်ပျိုးရေးပညာဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် |
အဖွဲ့ဝင် |
(တ) | ပါမောက္ခ အပင်မျိုးမွေးမြူရေး၊ ဇီဝကမ္မနှင့်ဂေဟဗေဒဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် |
အဖွဲ့ဝင် |
(ထ) | ပါမောက္ခ ဥယျာဉ်ခြံသီးနှံပညာဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် |
အဖွဲ့ဝင် |
(ဒ) | ကိုယ်စားလှယ်တစ်ဦး မြန်မာနိုင်ငံ မျိုးစေ့၊ မြေသြဇာနှင့် ပိုးသတ်ဆေးလုပ်ငန်းရှင်များအသင်း |
အဖွဲ့ဝင် |
(ဓ) | မျိုးစေ့ဆိုင်ရာကျွမ်းကျင်ပညာရှင် | အဖွဲ့ဝင် |
(န) | ညွှန်ကြားရေးမှူး မျိုးစေ့ဌာနခွဲ စိုက်ပျိုးရေးဦးစီးဌာန |
အတွင်းရေးမှူး |
(ပ) | ညွှန်ကြားရေးမှူး စပါးနှင့် နှံစားသီးနှံဌာနခွဲ စိုက်ပျိုးရေးသုတေသနဦးစီးဌာန |
တွဲဖက်အတွင်းရေးမှူး |
မှတ်ချက်
- လိုအပ်ပါက သက်ဆိုင်ရာသီးနှံကျွမ်းကျင်ပညာရှင်များကို ဖိတ်ကြားရန်။
၂။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၁၉.၂.၂၀၁၆) ရက်စွဲပါစာ အမှတ်၊ ၁/၁၉၀ (က) (၁) (၃၁၀/၂၀၁၆) အား ဤစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။
(ဥက္ကဌ)
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ
စာအမှတ်၊ မျိုးစေ့ဥပဒေ/၀၂၅/၂၀၁၈-၁၉/
ရက်စွဲ ၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ရက်
ဖြန့်ဝေခြင်း
နိုင်ငံတော်သမ္မတရုံး
သမ္မတဦးစီးရုံး
ဒုတိယသမ္မတဦးစီးရုံးများ
ပြည်ထောင်စုလွှတ်တော်ရုံး
ပြည်သူ့လွှတ်တော်ရုံး
အမျိုးသားလွှတ်တော်ရုံး
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး
ပြည်ထောင်စုဝန်ကြီးဌာနအားလုံး
ပြည်ထောင်စုရှေ့နေချုပ်ရုံး
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
ပြည်ထောင်စုရာထူးဝန်အဖွဲ့
နေပြည်တော်ကောင်စီ
တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ရုံးများအားလုံး
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
သက်ဆိုင်ရာပုဂ္ဂိုလ်များ
ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံပြန်တမ်း အပိုင်း(၁) တွင်
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန } ထည့်သွင်းကြေညာပေးပါရန်။
ဤဝန်ကြီးဌာနရှိ ဦစီးဌာနအားလုံး
အမိန့်အရ
(ဒေါက်တာရဲတင့်ထွန်း)
အတွင်းရေးမှူး
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ