ဘာသာစကား

  • Myanmar
  • English

နောက်ဆုံးရသတင်းများ

Home » Laws and Regulation » မျိုးစေ့လုပ်ငန်းလိုင်စင်ခေါ်ယူခြင်း

မျိုးစေ့လုပ်ငန်းလိုင်စင်ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ

အမိန့်ကြော်ငြာစာအမှတ် (    ၄    / ၂၀၁၇)
၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော်      ၁၂     ရက်
(၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ      ၂၃      ရက်)

မျိုးစေ့လုပ်ငန်းလိုင်စင်ခေါ်ယူခြင်း

၁။ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီသည် မျိုးစေ့လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အောက်ဖော်ပြပါသီးနှံအုပ်စုများတွင်ပါဝင်သော သီးနှံအမျိုးအစားတစ်မျိုးချင်းအလိုက် လိုင်စင်သက်တမ်း၊ လိုင်စင်ခ နှင့် သက်တမ်းတိုးမြှင့်ခတို့ဖြင့် မျိုးစေ့ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) အရ မျိုးစေ့လုပ်ငန်း (မျိုးစေ့ ထုတ်လုပ်၊ ပွားများ၊ တင်သွင်း၊ တင်ပို့၊ ဖြန့်ဖြူးရောင်းချ၊ သိုလှောင်ခြင်း) လုပ်ကိုင်လိုသူများအား “မျိုးစေ့လုပ်ငန်းလိုင်စင်” လျှောက် ထားခွင့်ပြုလိုက်သည်။

စဉ်

သီးနှံအုပ်စုအမည်

လိုင်စင်သက်တမ်း
(နှစ်)

လိုင်စင်ခ
(ကျပ်)

လိုင်စင်သက်တမ်း တိုးမြှင့်ခ
(ကျပ်)

၁။

လယ်ယာသီးနှံ

၃၀၀,၀၀၀

၃၀၀,၀၀၀

၂။

ဥယျာဉ်ခြံသီးနှံ

၃၀၀,၀၀၀

၃၀၀,၀၀၀

၃။

နှစ်ရှည်သီးနှံ

၃၀၀,၀၀၀

၃၀၀,၀၀၀

၄။

မိဘမျိုးလိုင်း

၃၀၀,၀၀၀

၃၀၀,၀၀၀

 

၂။    တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ မျိုးစေ့၊ ပျိုးပင်အရောင်းဆိုင်များကို အောက်ဖော်ပြပါ သက်တမ်း၊ လိုင်စင်ခ၊ လိုင်စင်သက်တမ်းတိုးမြှင့်ခတို့ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ် စိုက်ပျိုးရေး ဦးစီးမှူးရုံးများတွင် “မျိုးစေ့၊ ပျိုးပင်အရောင်းဆိုင်ဖွင့်လှစ်ရောင်းချခွင့်လုပ်ငန်းလိုင်စင်” အား လျှောက်ထား ခွင့်ပြုလိုက်သည်။

စဉ်

အကြောင်းအရာ

သက်တမ်း

(နှစ်)

လိုင်စင်ခ

(ကျပ်

လိုင်စင်သက်တမ်း တိုးမြှင့်ခ (ကျပ်)

၁။

မျိုးစေ့၊ ပျိုးပင်အရောင်း ဆိုင် (၁) ဆိုင်

၅၀,၀၀၀

၅၀,၀၀၀

(ဥက္ကဌ)
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ

စာအမှတ်၊ မျိုးစေ့ဥပဒေ/ ၀၂၅/ ၂၀၁၆-၁၇/           
ရက်စွဲ     ၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ         ရက်

ဖြန့်ဝေခြင်း
    ပြည်ထောင်စုဝန်ကြီးရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
    မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီဝင်များအားလုံး
    ဤဝန်ကြီးဌာနရှိဦးစီးဌာနအားလုံး
    မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီဝင်များအားလုံး
    တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ
    တိုင်းဒေသကြီး/ ပြည်နယ်မျိုးစေ့တာဝန်ခံများ
    မျိုးစေ့ကုမ္ပဏီများအားလုံး

အမိန့်အရ

(ဒေါက်တာရဲတင့်ထွန်း)
အတွင်းရေးမှူး
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ