ဘာသာစကား

  • Myanmar
  • English

နောက်ဆုံးရသတင်းများ

Home » Laws and Regulation » မျိုးစေ့အရည်အသွေး စစ်ဆေးခန်းဖွင့်လှစ်ခွင့်လျှောက်လွှာ ခေါ်ယူခြင်း

မျိုးစေ့အရည်အသွေး စစ်ဆေးခန်းဖွင့်လှစ်ခွင့်လျှောက်လွှာ ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ

အမိန့်ကြော်ငြာစာအမှတ် (    ၃    / ၂၀၁၇)
၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော်      ၁၂      ရက်
(၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ      ၂၃     ရက်)

မျိုးစေ့အရည်အသွေးစစ်ဆေးခန်းဖွင့်လှစ်ခွင့်လျှောက်လွှာခေါ်ယူခြင်း​

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီသည် မျိုးစေ့အဆင့်အလိုက် စံချိန်စံညွှန်းများနှင့်ကိုက်ညီသော မျိုးသန့် မျိုးစေ့များ ဖြန့်ဖြူးနိုင်ရန်ရည်ရွယ်၍ အောက်ဖော်ပြပါ မှတ်ပုံတင်လက်မှတ် သက်တမ်း၊ မှတ်ပုံတင်လက်မှတ်ခနှင့် သက်တမ်းတိုးမြှင့်ခတို့ဖြင့်  မျိုးစေ့အရည်အသွေးစစ်ဆေးခန်းဖွင့်လှစ်လိုသူများအား မျိုးစေ့ဥပဒေ ပုဒ်မ ၁၂ အရ “မျိုးစေ့အရည်အသွေးစစ်ဆေးခန်းဖွင့်လှစ်ခွင့်” လျှောက်ထားခွင့်ပြုလိုက်သည်။

စဉ်

အမျိုးအစား

သက်တမ်း
(နှစ်)

မှတ်ပုံတင်လက်မှတ်ခ
(ကျပ်)

သက်တမ်းတိုးမြှင့်ခ
(ကျပ်)

၁။

မျိုးစေ့အရည်အသွေး

စစ်ဆေးခန်း

၃၀၀,၀၀၀

၃၀၀,၀၀၀

 

(ဥက္ကဌ)

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ

စာအမှတ်၊ မျိုးစေ့ဥပဒေ/ ၀၂၅ / ၂၀၁၆-၁၇/        
ရက်စွဲ     ၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ           ရက်

ဖြန့်ဝေခြင်း
    ပြည်ထောင်စုဝန်ကြီးရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
    မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီဝင်များအားလုံး
    ဤဝန်ကြီးဌာနရှိဦးစီးဌာနအားလုံး
    မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီဝင်များအားလုံး
    တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ
    တိုင်းဒေသကြီး/ ပြည်နယ်မျိုးစေ့တာဝန်ခံများ
    မျိုးစေ့ကုမ္ပဏီများအားလုံး

အမိန့်အရ

(ဒေါက်တာရဲတင့်ထွန်း)
အတွင်းရေးမှူး
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ