ဘာသာစကား

  • Myanmar
  • English

နောက်ဆုံးရသတင်းများ

Home » News » စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တောင်သူလယ်သမားများသို့ အသိပေးကြေညာခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တောင်သူလယ်သမားများသို့ အသိပေးကြေညာခြင်း

23 Oct 2017

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေ ပေးဝေနိုင်ရေး ရည်ရွယ်တည်ဆောက်ထိန်းသိမ်းထားသည့် ရေလှောင်တမံများတွင် ယနေ့ (၂၃.၁၀.၂၀၁၇) ရက်နေ့အထိ စိုက်ပျိုးရေ ဧကပေ (၁၃.၃) သန်းကျော်ခန့် သိုလှောင်ထားရှိပြီးဖြစ်ပါသည်။

ယမန်နှစ်က ဆည်ရေဖြင့် နွေစပါး စိုက်ဧကပေါင်း (၉) သိန်းကျော်ကို  စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်  နွေစပါးစိုက်ဧက (၁၈) သိန်း ခန့် စိုက်ပျိုးရန်အတွက်  စိုက်ပျိုးရေပေးဝေနိုင်မည် ဖြစ်ပါသည်။ ယခုနှစ် နွေစပါးစိုက်ပျိုးမည့် တောင်သူ များအနေဖြင့် ဆည်/ ကန်များနှင့်

မြစ်ရေတင်လုပ်ငန်းများမှ  ရေရယူစိုက်ပျိုးနိုင်ရေး၊  မျိုးကောင်းမျိုးသန့် ရရှိရေး၊   စိုက်ပျိုးမှုနည်းပညာအကူအညီများရရှိရေး၊   လယ်ယာထွန်ယက်ရေးကိစ္စအဝဝတို့ကို   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ  နီးစပ်ရာ  ဆည်မြောင်းနှင့်

ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့နှင့် ဆက်သွယ်၍ ကြိုတင်ညှိနှိုင်း စီမံ ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။