ဘာသာစကား

  • Myanmar
  • English

နောက်ဆုံးရသတင်းများ

Home » News » Banner News » စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS) နှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် (Investment Plan) မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS) နှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် (Investment Plan) မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

24 Jul 2018

စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (ADS) နှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ် မိတ်ဆက်ခြင်းအခမ်းအနားအား (၇−၆−၂၀၁၈)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်တွင်နေပြည်တော်၊ Horizon Lake View Hotel ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတက်ရောက်အမှာစကားပြောကြားသည်။
ဆက်လက်၍ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT Fund) တို့မှ တာဝန်ရှိသူများက စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်များနှင့် ADB, FAO, LIFT Fund တို့မှတာဝန်ရှိသူများအား စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာစာအုပ်အား ပေးအပ်ခဲ့သည်။