ဘာသာစကား

  • Myanmar
  • English

နောက်ဆုံးရသတင်းများ

Home » News » Banner News » တတိယလေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး နှင့် ထိရောက်အောင်မြင် လုပ်ငန်းခွင်ဖော်ဆောင်ရေး အစည်းအဝေးကျင်းပ

တတိယလေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး နှင့် ထိရောက်အောင်မြင် လုပ်ငန်းခွင်ဖော်ဆောင်ရေး အစည်းအဝေးကျင်းပ

15 Jan 2018

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တတိယလေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ထိရောက်အောင်မြင်လုပ်ငန်းခွင်ဖော်ဆောင်ရေး အစည်းအဝေးအားယနေ့နံနက်(၉:၃၀) အချိန်တွင် ရုံးအမှတ်(၃၆)၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအကျဉ်းချုပ် အစီရင်ခံစာအားဖတ်ကြားတင်ပြပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ မိမိတို့ဒေသအလိုက် ဆောင်ရွကထားရှိမှု၊ စီမံကိန်းလုပ်ငန်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။