ဘာသာစကား

  • Myanmar
  • English

နောက်ဆုံးရသတင်းများ

Home » News » Latest News » တောင်သူလယ်သမားများ အတွက် "စက်မှုလယ်ယာ" Mobile Application ထွက်ရှိ

တောင်သူလယ်သမားများ အတွက် "စက်မှုလယ်ယာ" Mobile Application ထွက်ရှိ

17 Aug 2018

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊  စက်မှုလယ်ယာဦးစီးဌာနသည် တောင်သူလယ်သမားများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများနှင့်
ပတ်သက်၍ သိရှိလိုသည့်အချက်များကို Online မှ အလွယ်တကူ ရယူနိုင်ရန်အတွက် Android Mobile Application တစ်ခုဖြစ်သည့် "စက်မှုလယ်ယာ" App
ကို အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ Google Play Store  တွင် ရယူအသုံးပြုနိုင်ပါသည်။ အဆိုပါ Application တွင် ပါဝင်သော လုပ်ဆောင်ချက်များမှာ-

    (က) လယ်ယာသုံးစက်ကိရိယာများ၏ စက်အသွားနှုန်းဆန်းစစ်နိုင်ခြင်း
    (ခ) လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူမြှုပ်နှံရငွေအပေါ် တစ်နှစ်စာ အရှုံး/အမြတ်တွက်ချက်ခြင်း
    (ဂ) လယ်ယာမြေအကျယ်အဝန်းကိုလိုက်၍ လုပ်ငန်းကြာမြင့်ချိန် တွက်ချက်နိုင်ခြင်း
    (ဃ) သုံးစွဲမည့်ထွန်ယက်ရေးလုပ်ငန်းသုံးကိရိယာများနှင့် ကိုက်ညီမည့် အင်ဂျင်စွမ်းအားရှိသည့် ထွန်စက်ကြီးများရွေးချယ်ရန် တွက်ချက်နိုင်ခြင်း
    (င) အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သည့်  လယ်ယာသုံးစက်ကိရိယာများ စာရင်းအား ကြည့်ရှုနိုင်ခြင်း
    (စ) ဆက်သွယ်စုံစမ်းနိုင်သည့် ဖုန်းနံပါတ်များ ကြည့်ရှုနိုင်ခြင်း
စသည့်တို့ဖြစ်ပါသည်။