ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ
အမိန့်ကြော်ငြာစာအမှတ် (    ၃    / ၂၀၁၇)
၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော်      ၁၂      ရက်
(၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ      ၂၃     ရက်)
မျိုးစေ့အရည်အသွေးစစ်ဆေးခန်းဖွင့်လှစ်ခွင့်လျှောက်လွှာခေါ်ယူခြင်း
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီသည် မျိုးစေ့အဆင့်အလိုက် စံချိန်စံညွှန်းများနှင့်ကိုက်ညီသော မျိုးသန့် မျိုးစေ့များ ဖြန့်ဖြူးနိုင်ရန်ရည်ရွယ်၍ အောက်ဖော်ပြပါ မှတ်ပုံတင်လက်မှတ် သက်တမ်း၊ မှတ်ပုံတင်လက်မှတ်ခနှင့် သက်တမ်းတိုးမြှင့်ခတို့ဖြင့် မျိုးစေ့အရည်အသွေးစစ်ဆေးခန်းဖွင့်လှစ်လိုသူများအား မျိုးစေ့ဥပဒေ ပုဒ်မ ၁၂ အရ “မျိုးစေ့အရည်အသွေးစစ်ဆေးခန်းဖွင့်လှစ်ခွင့်” လျှောက်ထားခွင့်ပြုလိုက်သည်။
| 
 စဉ်  | 
 အမျိုးအစား  | 
 သက်တမ်း  | 
 မှတ်ပုံတင်လက်မှတ်ခ  | 
 သက်တမ်းတိုးမြှင့်ခ  | 
| 
 ၁။  | 
 မျိုးစေ့အရည်အသွေး စစ်ဆေးခန်း  | 
 ၃  | 
 ၃၀၀,၀၀၀  | 
 ၃၀၀,၀၀၀  | 
(ဥက္ကဌ)
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ
စာအမှတ်၊ မျိုးစေ့ဥပဒေ/ ၀၂၅ / ၂၀၁၆-၁၇/        
ရက်စွဲ     ၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ           ရက်
ဖြန့်ဝေခြင်း
    ပြည်ထောင်စုဝန်ကြီးရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
    မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီဝင်များအားလုံး
    ဤဝန်ကြီးဌာနရှိဦးစီးဌာနအားလုံး
    မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီဝင်များအားလုံး
    တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ
    တိုင်းဒေသကြီး/ ပြည်နယ်မျိုးစေ့တာဝန်ခံများ
    မျိုးစေ့ကုမ္ပဏီများအားလုံး
အမိန့်အရ
(ဒေါက်တာရဲတင့်ထွန်း)
အတွင်းရေးမှူး
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ
        