မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ Technical Seed Comitie (TSC) တင်ပြရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းနှင့် မှတ်တမ်းကောက်ယူခြင်း
၁။ | သီးနှံအမည် | - ပန်းဂေါ်ဖီ(ဖြူ)/ပန်းမုံလာ(ဖြူ) |
၂။ | စိုက်ပျိုးရာသီ/ဒေသ / အကြိမ် | - သင့်တော်သောရာသီတွင် မတူ ကွဲပြားသော ဒေသ၃ခု |
၃။ | အသုံးပြုမည့် စံထားမျိုး | - ဒေသမျိုး (သို့) မှတ်ပုံတင်ထား သောမျိုး |
၄။ | အကွက်အရွယ်အစား | - ၈ပေ × ၂၄ပေ အကွက်ငယ်(၁)ကွက်လျှင် ၄ ဘောင် တစ်ဘောင်လျှင် ( ၁၂ပင်) အကွက်ငယ်တစ်ကွက်ရှိ အပင် အရေအတွက်၄၈ပင် |
၅။ | တန်းကြား၊ ပင်ကြား | - ၂ပေ ပင်ကြား × ၂ပေ တန်းကြား |
၆။ | စမ်းသပ်ကွက်ပုံစံ | - RCB |
၇။ | မြေသြဇာနှုန်းထား | - |
နိုက်တြိုဂျင် | - ၂၈.၇၅ကီလိုဂရမ်/ဧက | |
ဖော့စဖရပ် | - ၂၀.၀၉ကီလိုဂရမ်/ဧက | |
ပိုတက်ရှ်စီယမ် | - ၂၄.၁၀ကီလိုဂရမ်/ဧက | |
နွားချေး/ ကြက်ချေး | - ၁၀-၁၂တန်/ဧက |
(တစ်ပင်နှုန်းထား)
ရက်အပိုင်းအခြား | နိုက်တြို ဂျင် (ဂရမ်) |
ဖော့စဖရပ် (ဂရမ်) |
ပိုတက်ရှ် ဆီယမ် (ဂရမ်) |
နွားချေး/ကြက်ချေး (ကီလိုဂရမ် |
ပဲဖတ် (ဂရမ်) |
---|---|---|---|---|---|
မြေခံ | ၁.၃၂ | ၀.၈၄ | ၁.၄၈ | ၀.၉၂-၁.၁ | ၂.၄၆ |
စိုက်ပြီး(၁၀ရက်) | ၀.၅၇ | - | - | - | - |
စိုက်ပြီး(၂၀ရက်) | ၀.၇၅ | - | - | - | |
စိုက်ပြီး ( ၁လ ) | - | - | ၀.၇၄ | - | ၁.၆၄ |
စုစုပေါင်း | ၂.၆၄ | ၀.၈၄ | ၂.၂၂ | ၀.၉၂-၁.၁ | ၄.၁၀ |
၈။ အပင်ပြုစုမှုနည်းစနစ် - ပေါင်းရှင်းခြင်းကို စိုက်ပျိုးပြီး ရက်(၃၀)အတွင်း ဆောင်ရွက်ရန်ဖြစ်ပါသည်။
၉။ ကောက်ယူရမည့် မှတ်တမ်းများနှင့် ကောက်ယူရမည့်စံချိန် စံညွှန်းများ
၁။ ပျိုးထောင်ရက် + ရွှေ့ပြောင်းစိုက်ရက် (၂၁-၂၇)ရက်သားတွင်စိုက်ရန်)
ရာသီဥတုကွဲပြားမှုကြောင့် အရွက်ထွက်မှုအနည်းငယ် ကွဲပြား နိုင်သဖြင့် ရွက်ဆစ်(၄-၅) ရွက်ထွက်ချိန်တွင်စိုက်ရန်ဖြစ်သည်။
၂။ ၅၀%ပန်းပွင့်ရက်- (နမူနာ ၁၀ ပင်)
ပြောင်းရွှေ့စိုက်ပျိုးချိန်မှ စတင်ရေတွက် ရန်ဖြစ်သည်။
၃။ ရိတ်သိမ်းရက်
ပြောင်းရွှေ့စိုက်ပျိုးချိန်မှ စတင်ရေတွက် ရန်ဖြစ်သည်။
၄။ အပင်အရွက်အရေအတွက် (ရွက်) -(နမူနာ ၁၀ ပင်)
ရိတ်သိမ်းချိန်ရှိ စုစုပေါင်းအရွက်အရေ အတွက်ဖြစ်ပါသည်။
၅။ အရွက်အလျား (စင်တီမီတာ) - (နမူနာ ၁၀ ပင်)
အရှည်ဆုံးအရွက်၏ အလျားကို တိုင်းတာခြင်းဖြစ်ပါသည်။
၆။ အရွက်အနံ (စင်တီမီတာ) - (နမူနာ ၁၀ ပင်)
အရှည်ဆုံးအရွက်၏အနံကို တိုင်းတာခြင်း ဖြစ်ပါသည်။ ရိတ်သိမ်းချိန်တွင် တိုင်းတာရန်။
၇။ မြေပြင်မှ အထုပ်၏အမြင့် (စင်တီမီတာ)
မြေပြင်မှပန်းဂေါ်ဖီ(ဖြူ)ပွင့် အခြေထိတိုင်းတာခြင်းဖြစ်ပါ သည်။ ရိတ်သိမ်းချိန်တွင်တိုင်းတာရန်။
၈။ ပန်းပွင့်၏အလေးချိန်(ကီလိုဂရမ်)-(နမူနာ ၁၀ ပင်)
စားသုံးရန်အစိတ်အပိုင်းကို တိုင်းတာခြင်းဖြစ်ပါသည်။
၉။ ပန်းပွင့်၏အရောင် - အဖြူရောင်/အဝါနုရောင်
၁၀။ ပန်းပွင့်၏ပုံသဏ္ဍာန် - ပြင်ညီ/အခုံး
၁၁။ ပန်းပွင့်၏အကျယ် (စင်တီမီတာ) - (နမူနာ ၁၀ ပင်)
ပန်းပွင့်၏အချင်းအား တိုင်းတာခြင်းဖြစ်ပါသည်။ ရိတ်သိမ်း ချိန်တွင်တိုင်းတာရန်။
၁၂။ ပန်းပွင့်၏အမြင့် - (နမူနာ ၁၀ ပင်)
ပန်းပွင့်၏အခြေမှ ထိပ်ဆုံးထိ တိုင်းတာခြင်း ဖြစ်ပါသည်။
၁၃။ အပူဒဏ်ခံနိုင်ရည်ရှိ/မရှိ၊ ကျစ်လစ်မှုရှိ/မရှိ-(နမူနာ ၁၀ ပင်)
ပန်းပွင့်၏ ကျစ်ခြင်း၊ပွခြင်းပေါ်မူတည်၍ ဆုံးဖြတ်ခြင်းဖြစ် ပါသည်။
၁၄။ အထွက်နှုန်း(Kg/ ဧက)
အတွင်း ၂တန်း harvested area ရှိအပင် အားလုံး ရိတ်သိမ်း ယူပါမည်။ ရိတ်သိမ်းချိန်ရှိ စားသုံးနိုင်သောအစိတ်အပိုင်း အပွင့််အလေးချိန်ကို တွက်ခြင်းဖြစ်ပါသည်။ Plot Yield ကို အခြေခံ၍ တစ်ဧကနှုန်းရှာပါမည်။
အထွက်နှုန်းတွက်ချက်ခြင်း (ဥပမာ) | = ----kg x 43560 (ft2/ac) ----ft2 (Harvested area) |
= (---) kg/ ac) * (1 viss = 1.6 kg) |
ပန်းဂေါ်ဖီ(ဖြူ)/ပန်းမုံလာ(ဖြူ) စိုက်ပျိုးနည်းစနစ်
၁။ | သီးနှံအမည် | - ပန်းဂေါ်ဖီ(ဖြူ)/ပန်းမုံလာ(ဖြူ) |
၂။ | မြေအမျိုးအစား | - သဲဆန်သောနှုန်းမြေ |
၃။ | မြေချဉ်ငံဓါတ် | - pH ( ၆-၆.၆) |
၄။ | အပူချိန် | - ၇ - ၂၄ º C |
၅။ | စိုက်ချိန် | - စက်တင်ဘာ၊အောက်တိုဘာ(မြေပြန့်)၊ |
၆။ | စိုက်စနစ် | - ဘောင်/ကျင်းစနစ်ဖြင့်စိုက်ပျိုးသည်။ |
၇။ | မျိုးစေ့နှုန်း | - တစ်ဧက (၁၀၀-၁၅၀) ဂရမ် |
၈။ | ပျိုးထောင်ခြင်း | - ပျိုးထောင်စိုက်ပျိုးခြင်း |
၉။ | မြေသြဇာနှုန်းထား | - တစ်ဧကနှုန်းထား |
နိုက်တြိုဂျင် (N2) | - ၂၈.၇၅ကီလိုဂရမ်/ဧက | |
ဖော့စဖရပ် (P2O5) | - ၂၀.၀၉ကီလိုဂရမ်/ဧက | |
ပိုတက်ရှ် (K2O) | - ၂၄.၁၁ ကီလိုဂရမ်/ဧက | |
ပဲဖတ် | - ၄၄.၆၄ကီလိုဂရမ်/ဧက | |
နွားချေး/ကြက်ချေး | - (၁၀/၁၂)တန်/ဧက |
၁၀။ စိုက်ပျိုးခြင်း
- ပင်ကြား၊ တန်းကြား- ၂ပေ × ၂ပေ
- တစ်ဧကအပင်ဝင်ဆန့်သည့်အပင်ဦးရေ - ၁၀၈၉၀ပင်
၁၁။ အပင်ပြုစုစောင့်ရှောက်ခြင်း
- အပွင့်ကောင်းစွာပွင့်ချိန်တွင် နေရောင်ခြည်တိုက်ရိုက်ထိတွေ့ ပါက အရောင်ပြောင်းနိုင်၍ အရသာခါးလာနိုင်သည်။ (၂-၃) လက်မအရွယ်ရောက်ချိန်တွင် အပြင်ရွက်များစည်းပေးရပါ သည်။
၁၂။ ပိုးမွှားရောဂါကာကွယ်ခြင်း
- ပုရစ်ဖျက်ဆီးမှုကိုဂရုစိုက်ရမည်။
၁၃။ ရိတ်သိမ်းခြင်း
(က) အပင်သက်တမ်း - (၄လခွဲ--၅လ)
- ဆွတ်ခူးသည့်အကြိမ်/ကာလ - ရွေ့စိုက်ပြီး(၂လ-၂.၅လ)