ဘာသာစကား

  • Myanmar
  • English

နောက်ဆုံးရသတင်းများ

Home » Protocol » နေကြာ

နေကြာ

မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ Technical Seed Committee (TSC) တင်ပြရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းနှင့် မှတ်တမ်းကောက်ယူခြင်း

၁။ သီးနှံအမည် - နေကြာ
၂။ စိုက်ပျိုးမည့် ရာသီ/ဒေသ/အကြိမ်

- မိုး၊မိုးနှောင်း/ တစ်ကြိမ်/

 နေကြာသီးနှံအများဆုံး စိုက်ပျိုးသောဒေသများ 

၃။ အကွက်အရွယ်အစား - ၁၅ ပေ × ၄ တန်း 
၄။ စံထားမျိုး
  စပ်မျိုး ရေဆင်းစပ်မျိုး -၁ 
  OPVမျိုး  ဆင်းရွှေကြာ -၂
၅။ တန်းကြား၊ ပင်ကြား ၂ ပေ × ၉ လက်မ
၆။ စမ်းသပ်ကွက်ပုံစံ - RCB Design
  ထပ်ပြုကြိမ်  စမ်းသပ်မည့်မျိုးအရေအတွက်ပေါ်မူတည်၍ ဆောင်ရွက်ရန်
၇။ မြေသြဇာနှုန်းထား  
  မြေပြုပြင်စဉ် 

ကွန်ပေါင်း ၂ အိတ်၊ ယူရီးယား ၁၁၂ ပေါင်/ဧက
ပိုတက်     ၅၆ ပေါင်/ဧက ၊ တီစူပါ    ၅၆ပေါင် / ဧက၊

  ပိုတက်ရှ်   ယူရီးယား ၅၆ ပေါင်/ဧက 

၈။    အပင်ပြုစုမှုနည်းစနစ် - 
-    ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် မြေပြုပြင်ပါ။
-    အပင်သက်တမ်း ၁၅ ရက်သားအတွင်း တစ်ကျင်းတစ်ပင် ချန်ပြီးအပြီးသားခွဲပါ။
-    အပင်ငယ်စဥ်ပေါင်းမြက်ကင်းစင်အောင်ပြုလုပ်ပေးပါ။
-    ပိုးနှင့်ရောဂါကျရောက်ပါက သင့်တော်သည့်ဆေးဖြင့် အချိန်မီ ကာကွယ်ပါ။
-    အပင်ယိုင်လဲမှုမဖြစ်စေရန် အဖူးဝင်ချိန်တွင်ဘောင်တင်ပါ။
-    ရေလိုအပ်ပါက အဖူး ၇၅ % ဝင်ချိန်နှင့် ပန်း ၇၅ % ပွင့်ချိန် တွင် ရေတစ်ကြိမ်စီသွင်းပေးပါ။
-    အလေအလွင့်နည်းအောင်အချိန်မီရိတ်သိမ်းခြင်း၊ တနစ်တကျ မျိုးစေ့ချွေခြင်း၊ ခြောက်သွေ့အောင်နေလှန်းပေးခြင်းများ ပြု လုပ် ဆောင်ရွက်ပါ။
 

၉။    ကောက်ယူရမည့်မှတ်တမ်းများနှင့်ကောက်ယူရမည့်စံချိန်စံညွှန်း များ -
၅၀ ရာခိုင်နှုန်းအပင်ပေါက်စုံရက်
-အကွက်ငယ်အတွင်းရှိ အပင်ဦးရေစုစုပေါင်း၏ ၅၀% အပင် ပေါက်စုံသောနေ့ကို မှတ်ယူရန် ဖြစ်သည်။ 
ပန်းစတင်ပွင့်ရက် 
-အကွက်ငယ်အတွင်းရှိအပင်များ၏ပန်းစပွင့်သောရက်ကို ကောက်ယူရန် ဖြစ်ပါသည်။
၅၀ ရာခိုင်နှုန်းပန်းပွင့်ရက်
-အကွက်ငယ်အတွင်းရှိ အပင်ဦးရေစုစုပေါင်း၏ ထက်ဝက် အပင်ဦးရေမှ ပန်းပွင့်သောရက်ကို ကောက်ယူရန် ဖြစ်ပါသည်။

အပင်အမြင့် (စင်တီမီတာ)
-အပင်အမြင့်တိုင်းရာတွင် နမူနာယူထားသောအပင် (၁၀)ပင်ကို အပင်ခြေရင်းမှ အပင်ထိပ်ဖျားထိ တိုင်းရန်ဖြစ်ပါသည်။ နမူနာ ယူသော အပင် (၁၀) ပင်သည် စမ်းသပ်ကွက်ကို ကိုယ်စားပြု သော အပင်များဖြစ်ရန်လိုအပ်ပါသည်။ 
 တစ်ပွင့်ပါအောင်စေ့အရေအတွက်
-နမူနာယူထားသော အပင် (၁၀) ပင် ၏ အပွင့်မှ အောင်မြင် သောအစေ့များကိုရေတွက်ရန်ဖြစ်ပါသည်။
 အပွင့်အချင်း (လက်မ)
-နမူနာယူထားသော အပင် (၁၀) ပင်မှ အပွင့်ကိုတိုင်းတာရန် ဖြစ်ပါသည်။ 
 ၁၀ ပင်အထွက် (ဂရမ်)
-နမူနာယူထားသော အပင် (၁၀)ပင် ၏ အစေ့အလေးချိန်ကို ချိန်တွယ်ရန်ဖြစ်ပါသည်။ 
အကွက်အထွက် (ဂရမ်)
-စမ်းသပ်ကွက်ငယ်တစ်ခု၏ အစေ့အလေးချိန်ကိုချိန်တွယ်ရန် ဖြစ်ပါသည်။ 
အစေ့ ၁၀၀၀ အလေးချိန်(ဂရမ်)
-နမူနာ (၁၀)ပင်အထွက်မှ အစေ့ ၁၀၀၀ အလေးချိန်ကို ချိန်တွယ်ရန်ဖြစ်ပါသည်။ 
ဆီထွက်ရာခိုင်နှုန်း 
-ဆီပါဝင်မှုရာခိုင်နှုန်းကိုဓါတ်ခွဲခန်းသို့ ပေးပို့စမ်းသပ်ရမည်ဖြစ် ပါသည်။
ရိတ်သိမ်းရက်
-အပွင့်နောက်ကျောခွံကောက်ရိုးရောင်ပြောင်းလျှင် ရိတ်သိမ်းရ မည်ဖြစ်ပါသည်။

၁၀။အထွက်နှုန်းတွက်ချက်ခြင်း 

                              အကွက်အထွက်(g) × 43560 × 2.2
တစ်ဧကအထွက် = ---------------------------------------------------              
(တင်း)                     အကွက်အရွယ် × 1000 × 32 

ထည့်သွင်းဖေါ်ပြရမည့်အရည်အချင်းလက္ခဏာများ

၁။ မိဘအမည်(သို့) လိုင်းနံပါတ်
၂။ မူရင်းဒေသ
၃။ စတင်စမ်းသပ်သည့်ခုနှစ်
၄။ စမ်းသပ်သည့်ကာလ
၅။ စမ်းသပ်သည့်ဒေသ
၆။ အသုံးပြုသည့်စံထားမျိုး
၇။ အပင်အမြင့်
ဂ။ အပွင့်အချင်း
၉။ အစေ့ ၁၀၀၀ အလေးချိန် (ဂရမ်)
၁၀။ ဆီပါဝင်မှုရာခိုင်နှုန်း
၁၁။ အထွက်နှုန်း (တင်း/ဧက)
၁၂။ အသက်ရက်
၁၃။ သင့်တော်သည့်ဒေသ
၁၄။ ထူးခြားသောလက္ခဏာများ
၁၅။ ဗီဇပြုပြင်ထားသောသီးနှံဟုတ် /မဟုတ်