မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ Technical Seed Comitie (TSC) တင်ပြရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းနှင့် မှတ်တမ်းကောက်ယူခြင်း
၁။ | သီးနှံအမည် | - ဝါသီးနှံ |
၂။ စိုက်ပျိုးမည့်ရာသီ/ဒေသ/အကြိမ်
- မိုးကြို (သို့မဟုတ်) မိုးနှောင်း
- ဝါအများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီး (၃) ခုဖြစ်ရမည် ဖြစ်ပြီးဒေသတစ်ခုစီအတွက် စိုက်ပျိုးရာသီတူ (၁) ကြိမ် စမ်းသပ်ရမည်။
- အနည်းဆုံးစမ်းသပ်မှု (၁) ကြိမ်
၃။ စမ်းသပ်ကွက်ပုံစံ
မျိုးယှဉ်ပြိုင်စမ်းသပ်လိုပါကစမ်းသပ်ပုံစံ (အာစီဘီ) ဖြင့် စမ်းသပ် စိုက်ပျိုးနိုင်သည်။ (အာစီဘီ) ဖြင့် ဆောင်ရွက်သည့်အခါ သင်္ချာဗေဒနည် းဖြင့် စစ်ဆေးနိုင်ရန်အတွက် ကင်းလွတ်ဒီဂရီ (degree of freedom :df) အနည်းဆုံး (၁၂) ရှိရန်လိုအပ်ပါသည်။
၄။ အကွက်အရွယ်အစား
အကွက်ငယ်တစ်ခုလျှင် တန်းကြား ၉၀ စင်တီမီတာ၊ ပင်ကြား ၆၀ စင်တီမီတာဖြင့် ၁၀ပင် တန်း ၁၂ တန်းရှိရမည်။ တစ်ကျင်းလျှင် မျိုးစေ့နှုန်း (၃-၅) စေ့နှုန်းစိုက်ပျိုးရပါမည်။ အပင် ပေါက်စုံပြီးရွက်စစ် (၂-၃) ရွက် ထွက်ပြီးချိန်တွင် တစ်ကျင်း (၂) ပင်ချန်၍ သားခွဲရပါမည်။
၅။ အသုံးပြုသည့်စံထားမျိုး
တောင်သူများလက်ရှိစိုက်ပျိုးနေသောအထွက်ကောင်းမျိုးများ (ဥပမာ - ငွေချည် - ၆၊ ရွှေတောင် - ၈) မျိုးများကိုဆိုလိုပါသည်။
၆။ မြေသြဇာနှုန်းထား
တစ်ဧကလျှင် မြေခံအဖြစ် ကွန်ပေါင်း (၁၅ : ၁၅ : ၁၅) တစ်အိတ်၊ ကွန်ပေါင်းအိတ်၀က်နှင့် ယူရီးယား အိတ်၀က်စီတို့ကို အပိန့်၀င်ချိန်တွင် တစ်ကြိမ်၊ ပန်းပွင့်ချိန်တို့တွင် တစ်ကြိမ် ထည့်ပေးရပါမည်။
၇။ အပင်ပြုစုခြင်း
ပေါင်းသင်မြေဆွ၊ရေသွင်းခြင်းတို့အားလိုအပ်သလိုဆောင်ရွက်ရမည်ဖြစ်ပါသည်။
၈။ အသက်ရက်
မျိုးစေ့ချသည့် ရက်မှစ၍ စတင်ရေတွက်ပြီးစတုတ္ထအကြိမ် ဝါကောက်ပြီးချိန်ထိသက်တမ်းအားဖြင့် ၁၄၀ ရက်သားအထိသတ်မှတ်ပါသည်။
၉။ အပင်အမြင့်
အပင်အမြင့်အားပန်းစပွင့်ချိန်နှင့် ဝါသီးစကွဲချိန်တို့တွင် အစေ့ရွက်ထွက်သည့်နေရာမှ ခေါင်ညွန့်အဆုံးအထိတိုင်းတာပါသည်။
၁၀။ အပင်ပုံသဏ္ဍာန်
၇၅ % ပန်းပွင့်စုံချိန်တွင်ရှိသောအပင်၏ ပုံစံအားမှတ်တမ်းယူပါသည်။ (ဥပမာ - ပြန့်ကား၊ ထောင်မတ်)
၁၁။ ပင်စည်အရောင်
၇၅ % ပန်းပွင့်စုံချိန်တွင် ရှိသောပင်စည်၏အရောင်အားမှတ်တမ်းတင်ခြင်းဖြစ်ပါသည်။ (ဥပမာ - အစိမ်းရောင်၊ ခရမ်းရောင်)
၁၂။ အရွက်အရောင်
၇၅ % ပန်းပွင့်စုံချိန်တွင် ရှိသောအပေါ်ထိပ်ညွန့်မှ ရေတွက်လျှင် အောက်ဖက် (၃) ကိုင်းမြောက်တွင် ရှိသောအရွက်အရောင်အားမှတ်တမ်းတင်ခြင်းဖြစ်ပါသည်။
၁၃။ ရွက်မွှေးပါရှိမှု
၇၅ % ပန်းပွင့်စုံချိန်တွင် ရှိသောအပေါ်ထိပ်ညွန့်မှ ရေတွက်လျှင် အောက်ဖက် (၃) ကိုင်းမြောက်တွင် ရှိသောအရွက်၏ အမွှေးအားမှတ်တမ်းတင်ခြင်းဖြစ်ပါသည်။ (ဥပမာ - ရွက်မွှေးထူ၊ ရွက်မွေးအသင့် အတင့်ထူ၊ ရွက်မွှေးပါး၊ ပြောင်ချော)
၁၄။ ဝါပွင့်အရောင်
၇၅ %နှင့်အထက် ပန်းပွင့်စုံချိန်တွင် ဒုတိယသီးကိုင်းနှင့် အထက် တွင် ရှိသောသီးကိုင်းများ မှ ပန်းပွင့်များ၏အရောင်အားမှတ်တမ်းတင်ခြင်းဖြစ်ပါသည်။ (ဥပမာ - အဝါရောင်၊ အဝါဖျော့၊ အစက် အပျောက် ပါမပါ)
၁၅။ အသီးပုံသဏ္ဍာန်
သက်တမ်းအားဖြင့်ရက်(၉၀)(သို့) ဝါသီးမကွဲခင်နှစ်ပတ်အလိုတွင် ပထမမှတတိယသီးကိုင်းအတွင်းရှိသောသီးလုံးများအားမှတ်တမ်းတင်ခြင်းဖြစ်ပါသည်။ (ဥပမာ - လုံးဝိုင်းပုံ၊ ဘဲဥပုံ၊ ကတော့ချွန်းပုံ)
၁၆။ ပထမသီးကိုင်းထွက်သည့်အဆစ်နံပါတ်
အစေ့ရွက်ထွက်သည့် နေရာမှ စ၍တိုင်းတာသည်။
၁၇။ အဖိုကိုင်းအရေအတွက်
ဝါသီးစကွဲချိန်တွင်ရှိသောအဖိုကိုင်း (ပင်မပင်စည်မှ ထောင့်ကျဉ်းပုံထွက်သောကိုင်း)များအားရေတွက်ခြင်းဖြစ်ပါသည်။(ဥပမာ -၂-၃ ကိုင်း)
၁၈။ အသီးကိုင်းအရေအတွက်
ဝါသီးစကွဲချိန်တွင်ရှိသောအမကိုင်း(ပင်မပင်စည်မှ ထောင့်ကျယ်ပုံထွက်သောကိုင်း)များအားရေတွက်ခြင်းဖြစ်ပါသည်။ (ဥပမာ - ၁၀ - ၁၅ ကိုင်း)
၁၉။ တစ်ပင်ရှိဝါပေါက်အရေအတွက်
ဝါသီးစကွဲချိန်မှစ၍ ကောက်သိမ်းထားသည့် ဝါပေါက်များအားရေတွက်ခြင်းဖြစ်ပါသည်။
၂၀။ ဝါတစ်ပေါက်အလေးချိန်
ဒုတိယအကြိမ်ကောက်သော ဝါပေါက်များမှ (၁၀) ပေါက်အား ပျှမ်းမျှယူ၍ ချိန်တွယ်ထားခြင်းဖြစ်ပါသည်။
၂၁။ ဂွမ်းထွက်ရာခိုင်နှုန်း
ဂွမ်းထွက်ရာခိုင်နှုန်းဆိုသည်မှာဝါပိဿာ (၁၀၀) ကြိတ်လျှင် ရရှိလာသည့် ဝါဂွမ်းအလေးချိန်ကိုခေါ်ဆိုပါသည်။ တွက်ချက်နည်းမှာ
ဂွမ်းထွက်ရာခိုင်နှုန်း = x ၁၀၀
၂၂။ ဂွမ်းမွေးအရှည်
ဝါဂွမ်းစေ့တစ်စေ့အားဘယ်ညာဖြန့်၍ ခေါင်းဘီးဖြင့်ဖြီးပီးအစွန်းနှစ်ဖက်အားစံပေတံဖြင့် တိုင်းတာ၍ ရရှိလာသောအရှည် (မီလီမီတာ) အားဖော်ပြထားခြင်းဖြစ်ပါသည်။
၂၃။ ဂွမ်းမွေးချောမွေ့မှု
ဝါဂွမ်းအားချောမွေ့မှုတိုင်းကိရိယာဖြင့် တိုင်းတာ၍ မိုက်ခရိုနေး (Micronaire) ဖြင့် ဖော်ပြပါသည်။ (ဥပမာ - ၃ - ၄ မိုက်ခရိုနေး (Micronaire))
၂၄။ ခိုင်ခံ့မှု
ဂွမ်းမွေးခိုင်ခံ့မှုအားပြတ်အားတိုင်းကိရိယာဖြင့် တိုင်းတာ၍ ပေါင်/မီလီဂရမ် ဖြင့်ဖော်ပြပါ သည်။ (ဥပမာ - ၈ ပေါင်/မီလီဂရမ်)
၂၅။ ရင့်မှည့်မှု
ချည်မျှင်ရင့်မှည့်မှုတိုင်းကိရိယာဖြင့် တိုင်းတာသည်။
၂၆။ တစ်ဧကဝါအထွက်နှုန်း
ဝါတစ်ပေါက်အလေးချိန်(ဂရမ်) x တစ်ပင်ရှိကောက်သိမ်းဝါပေါက်အရေအတွက် x တစ်ဧက၀င်ဆန့်အပင်ဦးရေ
၂၇။ အစေ့(၁၀၀၀)အလေးချိန်
၂၈။ ထူးခြားကောင်းမွန်သည့် လက္ခဏာများ
(ရေငတ်ဒဏ်ခံနိုင်မှု၊ ပိုးမွှားရောဂါဒဏ်ခံနိုင်မှုစသည်ဖြင့်)