ဘာသာစကား

  • Myanmar
  • English

နောက်ဆုံးရသတင်းများ

Home » Protocol » စပါး

စပါး

စပါးသီးနှံအတွက် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ Technical Seed Committee (TSC) တင်ပြရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းနှင့် မှတ်တမ်းကောက်ယူခြင်း

စိုက်ပျိုးရန်ရည်ရွယ်သည့်ဒေသ 
ထုတ်လုပ်ဖြန့်ဖြူးရန်ရည်ရွယ်သည့်ဒေသ 
ထုတ်ဝေမည့်မျိုး၏ထူးခြားမှုအားဖေါ်ပြနိုင်မည့်ဒေသ 

စမ်းသပ်ကွက်ပုံစံနှင့်အရွယ်အစား

  •  
စမ်းသပ်သင့်သည့်ရာသီ - ၂ ရာသီ 
  •  
စမ်းသပ်သင့်သည့်နေရာ - ၃ နေရာ 
  •  
စမ်းသပ်သင့်သည့်ဒီဇိုင်း - RCB 

 

ထပ်ပြုကြိမ်     - မျိုးအရေအတွက်ပေါ်မူတည်    

 

ပထမအကြိမ် - ထပ်ပြုကြိမ်ဖြင့်စမ်းသပ်ရန် 
  •  
ဒုတိယအကြိမ် - ရိုးရိုးယှဉ်ပြိုင်ကွက်
  •  
စမ်းသပ်ကွက်အရွယ်အစား   ၉.၆ စတုရန်းမီတာ
  (Plot Size)     (၆မီတာ×၈တန်း) 
  •  
စမ်သပ်ကွက်တကွက်လုံးဧရိယာ   မျိုးအရေအတွက် ပေါ်မူတည်
  •  
အသုံးပြုသင့်သောစံထားမျိုး - စမ်းသပ်သည့်ဒေသတွင် စိုက် ပျိုးသူအများစုကြိုက်နှစ်သက် သောမျိုး 

 

ထူးခြားချက်များစမ်းသပ်ရန်

  •  
ရေမြုပ်ခံစပါးမျိုး  - ရေမြုပ်၍စမ်းသပ်ရန် 
  •  
ဆားငံခံစပါး  - ဆားငံဒဏ်ခံနိုင်ရည်ရှိမှုစမ်းသပ်ရန် 
  •  
ရောဂါဒဏ်ခံနိုင်ရည်ရှိမှု  - ကျွမ်းကျင်ပညာရှင်မှ သက်ဆိုင်ရာ ရောဂါထိုးသွင်းစမ်းသပ်ရန် 
  •  
ပိုးမွှားဒဏ်ခံနိုင်ရည်ရှိမှု  - ကျွမ်းကျင်ပညာရှင်မှ သက်ဆိုင်ရာ ပိုးများဖြင့် စမ်းသပ်ရန်  
  •  
ရေအနည်းလိုစပါး  - ရေလိုအပ်မှုစမ်းသပ်ရန် 
  •  
ရေငတ်ခံနိုင်မှု  - ရေငတ်ခံနိုင်မှုစမ်းသပ်ရန် 
  •  
အမွှေးနံ့ပါဝင်မှု    ဓါတ်ခွဲခန်းသို့ပေးပို့စမ်းသပ်ရန် 

ထည့်သွင်းဖော်ပြရမည့် အရည်အချင်းလက္ခဏာများ

၁။ သီးနှံအမည် 
၂။ မျိုးအမည်     
၃။ မွေးမြူရေးလိုင်းနံပါတ်     
၄။ မိဘမျိုးများအမည် 
၅။ မူရင်းဒေသ 
၆။ ရယူခဲ့သည့်အဖွဲ့အစည်း
၇။ စတင်စမ်းသပ်သည့်ခုနှစ် 
၈။ စမ်းသပ်သည့်ကာလ 
၉။ စမ်းသပ်ခဲ့သည့်ဒေသများ 
၁၀။ အသုံးပြုသည့်စံထားမျိုး 
၁၁။ အသက်ရက် 
၁၂။  အပင်အမြင့် (စင်တီမီတာ) 
၁၃။ အနှံပါပင်ပွား   
၁၄။  အနှံအရှည် (စင်တီမီတာ)   
၁၅။  တစ်နှံပါသီးလုံး   
၁၆။ တစ်နှံပါအောင်စေ့       
၁၇။ အောင်စေ့ (%)       
၁၈။  ဆန်စေ့အတိုင်းအတာ   
  ဆန့်စေ့အလျား (မီလီမီတာ)  
  အနံ (မီလီမီတာ)   
  အလျား/ အနံ အချိုး   
၁၉။ စပါးစေ့အတိုင်းအတာ 
  စပါးစေ့အလျား (မီလီမီတာ) 
  အနံ (မီလီမီတာ) 
  အလျား/ အနံ အချိုး     
၂၀။ စပါးလုံးအုပ်စု 
၂၁။  အစေ့ (၁၀၀၀) အလေးချိန် ဂရမ်    -
၂၂။ အမိုင်းလို့စ်ပါဝင်မှု (%)   
၂၃။ Gelatinization Temperature  
၂၄။  Gel Consistency  
၂၅။ ဆန်ရည်ဆန်သား     
၂၆။  ဆန်ရှည်ထွက်မှုအချိုး      
၂၇။ ဆန်ထွက် (%)   
၂၈။ စားသုံးမှုအဆင့်   
၂၉။ အထွက်နှုန်း (တင်း/ဧက)   
၃၀။  မျိုးသစ်၏ထူးခြားကောင်း  
  မွန်သောလက္ခဏာများ   
၃၁။  စိုက်ပျိုးရန်သင့်တော်သည့်ဒေသ   
၃၂။  စိုက်ပျိုးရန်သင့်တော်သည့်ရာသီ   
၃၃။  ဗီဇပြုပြင်ထားသော သီးနှံ ဟုတ်/ မဟုတ်   

မှတ်တမ်းကောက်ယူနည်းများ

  •  
ပျိုးရက် - ပျိုးဘောင်(သို့)ပျိုးခင်းသို့မျိုးစေ့ချရက်
  •  
စိုက်ရက် - စိုက်ခင်းသို့ရွှေ့ပြောင်းစိုက်သည့်ရက်(သို့) တိုက်ရိုက်အစေ့ချစိုက်သည့်နေ့
  •  
၅၀%ပန်းပွင့်ရက် - အကွက်ငယ်ရှိကောက်ရုံများမှ ၅၀% အနှံ ထွက်သည့်နေ့
  •  
အသက်ရက် - စမ်းသပ်ကွက်ငယ်၏အတွင်ပိုင်းကောက်ကွက်ပျောက်မရှိသောနေရာမှ မျက်နှာချင်းဆိုင်လေးပင်အားတိုင်းတာရန်   
  •  
နမူနာယူရန်ကောက်ယူရမည်အပင် - စမ်းသပ်ကွက်ငယ်၏အတွင်ပိုင်းကောက်ကွက်ပျောက်မရှိသောနေရာမှ မျက်နှာချင်းဆိုင်လေးပင်အားတိုင်းတာရန်  
  •  
အပင်အမြင့် (စမ) - အပင်၏အခြေမှ အမြင့်ဆုံးအနှံထိပ်ဖျားထိတိုင်းရန် (အမြီးပါပါက ထည့် သွင်းတိုင်းတာခြင်းမပြုရ)
  •  
အနှံပါပင်ပွား    ကောက်ရုံတစ်ရုံရှိ အနှံပါသောပင်ပွားအရေအတွက်
  •  
အနှံအရှည် (စင်တီမီတာ) အနှံ၏အောက်ခြေအဆစ်မှအနှံထိပ်ဖျားထိ (အမြီးပါပါက ထည့်သွင်း တိုင်းတာခြင်းမပြုရ)
  •  
တစ်နှံပါသီးလုံး  နမူနာလေးပင်၏ထိပ်ဆုံးအနှံလေးနှံတွင်ပါဝင်သော သီးလုံးအရေအတွက် မှ တစ်နှံတွင် ပါဝင်သော သီးလုံးအရေအတွက်အား ပျမ်းမျှရှာရန် 
  •  
တစ်နှံပါအောင်စေ့ တစ်နှံတွင်ပါဝင်သော အောင်မြင်သည့်သီးလုံး အရေအတွက်
  •  
အောင်စေ့ (%) တစ်နှံပါအောင်စေ့အရေအတွက်အား တစ်နှံ ပါသီးလုံးဖြင့် စား၍ ၁၀၀ဖြင့် မြှောက်ရန်
  •  
ဆန်စေ့အတိုင်းအတာ ဓါတ်ခွဲခန်းသို့ပေးပို့စမ်းသပ်ရန်
  •  
စပါးစေ့အတိုင်းအတာ  ဓါတ်ခွဲခန်းသို့ပေးပို့စမ်းသပ်ရန်
  •  
စပါးလုံးအုပ်စု ဓါတ်ခွဲခန်းသို့ပေးပို့စမ်းသပ်ရန်
  •  
အစေ့ (၁၀၀၀) အလေးချိန် ဂရမ် ဓါတ်ခွဲခန်းသို့ပေးပို့စမ်းသပ်ရန်
  •  
အမိုင်းလို့စ်ပါဝင်မှုရာခိုင်နှုန်း ဓါတ်ခွဲခန်းသို့ပေးပို့စမ်းသပ်ရန်
  •  
Gelatinization Temperature ဓါတ်ခွဲခန်းသို့ပေးပို့စမ်းသပ်ရန်
  •  
Gel Consistency ဓါတ်ခွဲခန်းသို့ပေးပို့စမ်းသပ်ရန်
  •  
ဆန်ရှည်ထွက်မှုအချိုး     ဓါတ်ခွဲခန်းသို့ပေးပို့စမ်းသပ်ရန်
  •  
ဆန်ထွက် ရာခိုင်နှုံး ဓါတ်ခွဲခန်းသို့ပေးပို့စမ်းသပ်ရန်
  •  
ရိတ်သိမ်းခြင်း အကွက်ငယ်တိုင်း၏ဘေးနှစ်တန်းနှင့် အတန်းတိုင်း၏ဘေးအစွန်နှစ်ဖက် မှ အပင်များအားချန်လှပ်၍ အတွင်းရှိ အပင်များရိတ်သိမ်းရန်၊ ရိတ်ကျင်း ရေတွက်ရန်၊ချွေလှေ့ အခြောက်ခံပြီးပါက အစိုဓါတ် ၁၃% ရှိလျှင်ချိန် တွယ်ပါ။ အမှန်ရိတ်သိမ်းသော ဧရိ ယာမှအကွက်ငယ်၏အထွက်ကို ရရှိ ပါမည်။
  •  
အထွက်နှုန်း(တင်း/ဧက) အကွက်ငယ်အထွက်မှတစ်ဧကအထွက်နှုန်းကို တွက် ချက်ပါ
  •  
မျိုးသစ်၏ ထူးခြား ကောင်းမွန်သော လက္ခဏာများ  ပိုး/ရောဂါခံနိုင်ရည်ရှိမှု၊ ရေငတ်ဒဏ်ခံနိုင်ရည်ရှိမှု၊ ရေမြုပ်ခံနိုင်ရည်ရှိမှု ရက်ပေါင်း၊ ဆားငံဒဏ်ခံနိုင် ရည်ရှိမှုပြင်းအား၊ အမွှေးနံ့ပါဝင်မှုစသည့်ဖြင့် တင်ပြလို သည့်မျိုး၏ထူးခြားမှုများ 
  •  
စိုက်ပျိုးရန်သင့်တော်သည့်ဒေသ  မည်သည့်ဒေသတွင်စိုက်ပျိုးရန်သင့်တော်ကြောင်း ဖေါ်ပြရန်
  •  
စိုက်ပျိုးရန်သင့်တော်သည့်ရာသီ မည်သည့်ရာသီတွင်စိုက်ပျိုးရန်သင့်တော်ကြောင်းဖေါ်ပြရန် (နွေ/မိုး/မုရင်း)
  •  
ဗီဇပြုပြင်ထားသော သီးနှံ  ဟုတ်/ မဟုတ် ဗီဇပြုပြင်ထားသော သီးနှံမဟုတ်ကြောင်းထောက်ခံ  ချက်လက်မှတ်တင်ပြရန်