ဘာသာစကား

  • Myanmar
  • English

နောက်ဆုံးရသတင်းများ

Home » Protocol » ပဲစဉ်းငုံ

ပဲစဉ်းငုံ

မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ Technical Seed Comitie (TSC) တင်ပြရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းနှင့် မှတ်တမ်းကောက်ယူခြင်းး

၁။ သီးနှံအမည် - ပဲစဉ်းငုံ 
၂။ စိုက်ပျိုးရာသီ/ဒေသ / အကြိမ် - မိုးရာသီ ၊  ပဲစဉ်းငုံစိုက်ပျိုးသောဒေသများ 
၃။ အသုံးပြုမည့် စံထားမျိုး - တောင်သူများအများဆုံးစိုက်ပျိုး နေသော ထုတ်ဝေပြီးမျိုး 
၄။ အကွက်အရွယ်အစား - ၂၀ပေအရှည် ၊၁၈ ပေ အကျယ် 
၅။ တန်းကြား၊ ပင်ကြား  
  သက်ကြီးမျိုး     - ၄.၅ ပေ x ၁ပေ 
  သက်လတ်မျိုး     - ၃ပေ x ၆ လက်မ 
  သက်လျှင်မျိုး     - ၃ပေ x ၆ လက်မ
၆။ စမ်းသပ်ကွက်ပုံစံ - စမ်းသပ်မျိုးအရေအတွက်ပေါ်မူတည်၍ထပ်ပြုကြိမ် ၃(သို့)  ၄ ကြိမ်ထည့်ရန် 
၇။ မြေသြဇာနှုန်းထား - တစ်ဧကနှုန်းထား
  ယူရီးယား - ၂၈ပေါင်/ဧက 
  တီစူပါ - ၁၁၂ပေါင်/ဧက 
  ပိုတက် - ၈၄ပေါင်/ဧက 
  ဂျစ်ပဆန် - ၁၁၂ ပေါင်/ဧက 
  ရွက်ဖျန်းမြေသြဇာ - ၁ ကီလိုဂရမ်/ဧက 
၈။ အပင်ပြုစုနည်းစနစ်  - စိုက်ပြီး (၁) လအတွင်း၁ကျင်း (၁) ပင်     ချန်၍ သားခွဲရန် 

၉။ ကောက်ယူရမည့်မှတ်တမ်းများ 

၁။ ၅၀% ပန်းပွင့်ရက်
၂။ ရင့်မှည့်ရက်
၃။ တပင်ပါသီးတောင့်
၄။ တတောင့်ပါအစေ့
၅။ အစေ့ (၁၀၀) အလေးချိန် (ဂရမ်)
၆။ သီးတောင့်အရောင်
၇။ သီးတောင့်ပေါ် အစင်းပါရှိမှု
၈။ သီးတောင့်ပေါ်ရှိအစင်းအရောင်
၉။ ပန်းပွင့်အရောင်
၁၀။ ပန်းပွင့်ပေါ်ရှိအစင်းအရောင်
၁၁။ ပင်စည်အရောင်
၁၂။ အရွက်ပုံသဏ္ဍာန်
၁၃။ ကိုင်းဖြာမှု (ပင်စည်မှ ကိုင်းဖြာမှုပုံစံ ကြည့်၍   မှတ်တမ်းယူရန်)
၁၄။ အပင်ပုံစံ (အဆုံးရှိပန်းခိုင်/အဆုံးမရှိပန်းခိုင်)
၁၅။ အစေ့အရောင်
၁၆။ အစေ့ပုံသဏ္ဍာန်
၁၇။ ချက်ပုံသဏ္ဍာန်
၁၈။ ပိုးမွှားကျရောက်မှု Score
၁၉။ ရောဂါကျရောက်မှု   Score
၂၀။ ထူးခြားသော လက္ခဏာများ

• Sampling plants &The net-plot yields 
• စမ်းသပ်ကွက်အတွင်း (၂ တန်း) ၏ နမူနာ (၅ ပင်) မှ မှတ်တမ်းများ ကောက်ယူရမည်။
• ကွက်ပျောက် (missing hill)  ရှိသောနေရာများကို ရှောင်ပါ။

 

 

၉.၁။     ၅၀% ပန်းပွင့်ရက်
အလယ်စိုက်တန်း(၂) တန်းပေါ်ရှိ စုစုပေါင်း အပင် ၏ ထက်ဝက် အပင်ဦးရေမှ ပန်းပွင့် သော ရက်ကို စိုက်ပျိုး သော  နေ့ရက်မှစ၍ ရေတွက်ပါသည်။

၉.၂။     ရင့်မှည့်ရက်
အလယ် စိုက်ကြောင်း (၂) တန်း ရှိ အပင်ဦးရေ စုစုပေါင်း၏ ထက်ဝက် အပင်ဦးရေမှ သီးတောင့်များ ရင့်မှည့်သော ရက်ကို စိုက်ပျိုးသော နေ့ရက်မှစ၍ ရေတွက်ပါသည်။

၉.၃။    တပင်ပါသီးတောင့်
စိုက်တန်း အလယ် ( ၂ ) တန်းမှ ကျဘမ်း အပင် (၅) ပင်မှ မှတ်တမ်းယူရပါမည်။  

၉.၄။    တတောင့်ပါအစေ့
နမူနာ (၅) ပင်ရှိ အတောင့်များ မှ အောင်မြင်သော ကျဘမ်း (၁၀) တောင့် ယူ၍ အစေ့ ရေ တွက် ရပါမည်။ ရရှိသော အစေ့အရေအတွက်မှ ပျမ်းမျှ ယူ၍ မှတ်တမ်းယူရပါမည်။

၉.၅။   အစေ့ ( ၁၀၀) အလေးချိန်
အစိုဓါတ် (၁၂ရာခိုင်နှုန်း) ရှိသောအချိန်တွင် ချိန်တွယ်ရပါမည်။ နမူနာ (၅)ပင်မှ ရရှိသော အစေ့ များ မှ အောင်မြင်သောအစေ့ (၁၀၀) ကိုရေတွက်၍ ချိန်တွယ်ရပါမည်။ ဒသမ (၂) နေရာ အထိ ချိန် တွယ် နိုင် သော ချိန်ခွင်ဖြင့်ချိန်တွယ်ရပါမည်။

၉.၆။    သီးတောင့်အရောင်
- အစိမ်းပြောင်
- အစိမ်းအညိုစင်းပါ
- ခရမ်းရင့်ရောင် များဖြစ်၍ မည်သည့်အရောင်ဖြစ်သည်ကို မှတ်တမ်းတင်ရပါမည်။

၉.၇။    သီးတောင့်ပေါ် အစင်းပါရှိမှု
သီးတောင့်ပေါ် အညိုစင်းပါ/မပါမှတ်တမ်းတင်ရပါမည်။

၉.၈။   သီးတောင့်ပေါ်ရှိအစင်းအရောင်

  • အစင်းကြဲ
  • အစင်းအသင့်အတင့်ပါ
  • အစင်းထူ
  • ညီညာသောအစင်းရှိ တို့ကို  တွေ့နိုင်၍ တွေ့သည့်အရောင်ကို မှတ်တမ်းတင်ရပါမည်။

  ၉.၉။   ပန်းပွင့်အရောင်

  • အစိမ်းရောင်သန်းသော အဖြူရောင်
  • အဝါဖျော့
  • အဝါရောင်၊
  • လိမ္မော်ရောင် 
  • အနီရောင်
  • ခရမ်းရောင်သန်းသော အနီရောင် တို့ကို တွေ့နိုင်ပြီးတွေ့သည့်အတိုင်း မှတ်တမ်းတင်ရပါမည်။

၉.၁၀။    ပန်းပွင့်ပေါ်ရှိ အစင်းရောင်

  • အနီစင်း
  • ခရမ်းရောင်စင်း တို့ကို တွေ့နိုင်ပြီးတွေ့သည့် အတိုင်း မှတ်တမ်းတင်ရပါမည်။

 ၉.၁၁။  ပင်စည်အရောင်

  • အစိမ်းရောင်၊ခရမ်းရောင်သန်းသော အစိမ်းရောင် ၊ အနီရောင်တို့ကို  တွေ့နိုင်ပြီးတွေ့သည့် အတိုင်း မှတ်တမ်းကောက်ယူရပါမည်။

၉.၁၂။   အရွက်ပုံသဏ္ဍာန်
-     ဘဲဥ ပုံ၊ လွန်းပုံသဏ္ဍာန် တို့ကို တွေ့မြင်မှတ်တမ်းတင်ရပါမည်။

၉.၁၃။  ကိုင်းဖြာမှု (ပင်စည်မှ ကိုင်းဖြာမှုပုံစံ ကြည့်၍ မှတ်တမ်းယူရန်)
-    ပင်စည်မှ ကိုင်းဖြာမှုပုံသဏ္ဍာန်ပေါ် မူတည်၍ Score သတ်မှတ် မှတ်တမ်းကောက်ရပါသည်။
-    ပင်စည်နှင့်အပြိုင် ကိုင်းများထောင်မတ်ခြင်း   Score   1
-    အသင့်အတင့်ကိုင်းဖြာခြင်း (၄၅ ဒီဂရီခန့်)     Score   5
-    ကိုင်းဖြာမှု ၉၀ဒီဂရီရှိခြင်း                           Score  7
-    မြေနှင့်နီးကပ်ပြီးတွားသွားသည့်သဏ္ဍာန် ကိုင်းဖြာခြင်း Score 9   တို့ကိုတွေ့မြင်ရသည့်အတိုင်း Score   သတ်မှတ်မှတ်တမ်းကောက်ရ ပါသည်။

၉.၁၄။    အပင်ပုံစံ (အဆုံးရှိပန်းခိုင်/အဆုံးမရှိပန်းခိုင်)
-    အဆုံးရှိ ပန်းခိုင်ရှိသော အပင်ပုံစံ
-    အသင့်အတင့် အဆုံးရှိ ပန်းခိုင်ပုံစံ
-    အဆုံး မရှိ ပန်းခိုင်ရှိသော အပင်ပုံစံ  တို့ကို တွေ့မြင်ရသည့် အတိုင်း ခွဲခြား၍ မှတ်တမ်းကောက်ယူရပါသည်။

၉.၁၅။    အစေ့အရောင်
-   ဖြူဝါရောင်
-   နို့နှစ်ရောင်
-   လိမ္မော်ရောင်
-    အညိုဖျော့ရောင်
-    အညိုရောင်
-    မီးခိုးဖျော့
-    မီးခိုးရောင်
-    မရမ်းရောင်
-    မရမ်းရင့်
-    အနက်ရောင်များတွေ့ နိုင်၍ သိသာထင်ရှားစွာတွေ့ရသော အရောင်ကို မှတ်တမ်းကောက်ယူ ရပါမည်။

၉.၁၆။  အစေ့ပုံသဏ္ဍာန်
-  ဘဲဥ ပုံ
-  ပဲလုံးပုံ
-  လေးထောင့်ပုံ
-  ရှည်မျောပုံများတွေ့နိုင်၍သိသာထင်ရှားစွာတွေ့ရသောပုံသဏ္ဍာန်ကိုမှတ်တမ်းကောက်ယူရပါမည်။

၉.၁၇။   ချက်ပုံသဏ္ဍာန်
- ချက်ဖောင်း
- ချက်ရှုံ့      ပုံများတွေ့နိုင်၍ ထင်ရှားစွာတွေ့ရသော ပုံသဏ္ဍာန်ကို မှတ်တမ်းကောက်ယူရပါမည်။

၉.၁၈။   ပိုးမွှားကျရောက်မှု Score
-    အဓိကကျရောက်တတ်သော ပိုးမွှားများကို အောက်ပါအတိုင်း အဆင့်ခွဲခြား Score သတ်မှတ် မှတ်တမ်း  ကောက်ယူရပါမည်။
-    ပိုးမွှားကျရောက်မှု လုံးဝ မရှိခြင်း            Score      1
-    ပိုးမွှားကျရောက်ခြင်း                          Score      3
-    ပိုးမွှားကျရောက်မှု အနည်းငယ်ရှိခြင်း      Score      5
-    ပိုးမွှားကျရောက်မှုများခြင်း                   Score      7
-    ပိုးမွှား ဆိုးဝါးစွာ ကျရောက်ခြင်း             Score      9

၉.၁၉။   ရောဂါကျရောက်မှု Score

-     အဓိကကျရောက်တတ်သော ရောဂါများကို အောက်ပါအတိုင်း အဆင့်ခွဲခြား Score သတ်မှတ် မှတ်တမ်း ကောက်ယူရပါမည်။
-     ရောဂါကျရောက်မှု လုံးဝ မရှိခြင်း             Score      1
-     ရောဂါကျရောက်ခြင်း                           Score      3
-     ရောဂါကျရောက်မှု အနည်းငယ်ရှိခြင်း       Score      5
-     ရောဂါကျရောက်မှုများခြင်း                    Score      7
-     ရောဂါ ဆိုးဝါးစွာ ကျရောက်ခြင်း              Score      9

၁၀။     အထွက်နှုန်းတွက်ချက်ခြင်း
စမ်းသပ်ကွက် အကွက်ငယ်  တကွက်အတွင်းရှိ သီးတောင့်များ ကို ခူးဆွတ်၊ခြွေလှေ့ အခြောက်ခံ၊ ပြာလှေ့ သန့်စင်၍အစိုဓါတ် ၈-၁၃% ရှိတွင် ချိန်တွယ် မှတ်တမ်းတင်ပြီး (တွက်ချက်မှု အထွက်နှုန်း) အဖြစ် ပြောင်းလဲရပါမည်။ 

                                     အကွက်ငယ်အထွက်(ဂရမ်)x၄၃၅၆၀ စတုရန်းပေ
 အထွက်နှုန်း (တင်း/ဧက) = ---------------------------------------------- 
                                     အကွက်ငယ်ဧရိယာ (စတုရန်းပေ) x ၄၅၄ x ၇၂ 
                          ၄၅၄ = တစ်ပေါင်ရှိ ဂရမ် 
                            ၇၂ =  ပဲစဉ်းငုံတင်းတွင်ရှိသောအလေးချိန်(ပေါင်)