
မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ Technical Seed Comitie (TSC) တင်ပြရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းနှင့် မှတ်တမ်းကောက်ယူခြင်း
| ၁။ | သီးနှံအမည် | - ပန်းဂေါ်ဖီ(ဖြူ)/ပန်းမုံလာ(ဖြူ) | 
| ၂။ | စိုက်ပျိုးရာသီ/ဒေသ / အကြိမ် | - သင့်တော်သောရာသီတွင် မတူ ကွဲပြားသော ဒေသ၃ခု | 
| ၃။ | အသုံးပြုမည့် စံထားမျိုး | - ဒေသမျိုး (သို့) မှတ်ပုံတင်ထား သောမျိုး | 
| ၄။ | အကွက်အရွယ်အစား | - ၈ပေ × ၂၄ပေ အကွက်ငယ်(၁)ကွက်လျှင် ၄ ဘောင် တစ်ဘောင်လျှင် ( ၁၂ပင်) အကွက်ငယ်တစ်ကွက်ရှိ အပင် အရေအတွက်၄၈ပင် | 
| ၅။ | တန်းကြား၊ ပင်ကြား | - ၂ပေ ပင်ကြား × ၂ပေ တန်းကြား | 
| ၆။ | စမ်းသပ်ကွက်ပုံစံ | - RCB | 
| ၇။ | မြေသြဇာနှုန်းထား | - | 
| နိုက်တြိုဂျင် | - ၂၈.၇၅ကီလိုဂရမ်/ဧက | |
| ဖော့စဖရပ် | - ၂၀.၀၉ကီလိုဂရမ်/ဧက | |
| ပိုတက်ရှ်စီယမ် | - ၂၄.၁၀ကီလိုဂရမ်/ဧက | |
| နွားချေး/ ကြက်ချေး | - ၁၀-၁၂တန်/ဧက | 
(တစ်ပင်နှုန်းထား)
| ရက်အပိုင်းအခြား | နိုက်တြို ဂျင် (ဂရမ်)  | 
ဖော့စဖရပ် (ဂရမ်)  | 
ပိုတက်ရှ် ဆီယမ် (ဂရမ်)  | 
နွားချေး/ကြက်ချေး (ကီလိုဂရမ်  | 
ပဲဖတ် (ဂရမ်)  | 
|---|---|---|---|---|---|
| မြေခံ | ၁.၃၂ | ၀.၈၄ | ၁.၄၈ | ၀.၉၂-၁.၁ | ၂.၄၆ | 
| စိုက်ပြီး(၁၀ရက်) | ၀.၅၇ | - | - | - | - | 
| စိုက်ပြီး(၂၀ရက်) | ၀.၇၅ | - | - | - | |
| စိုက်ပြီး ( ၁လ ) | - | - | ၀.၇၄ | - | ၁.၆၄ | 
| စုစုပေါင်း | ၂.၆၄ | ၀.၈၄ | ၂.၂၂ | ၀.၉၂-၁.၁ | ၄.၁၀ | 
၈။ အပင်ပြုစုမှုနည်းစနစ် - ပေါင်းရှင်းခြင်းကို စိုက်ပျိုးပြီး ရက်(၃၀)အတွင်း ဆောင်ရွက်ရန်ဖြစ်ပါသည်။
၉။ ကောက်ယူရမည့် မှတ်တမ်းများနှင့် ကောက်ယူရမည့်စံချိန် စံညွှန်းများ
၁။  ပျိုးထောင်ရက် + ရွှေ့ပြောင်းစိုက်ရက် (၂၁-၂၇)ရက်သားတွင်စိုက်ရန်)
ရာသီဥတုကွဲပြားမှုကြောင့် အရွက်ထွက်မှုအနည်းငယ် ကွဲပြား နိုင်သဖြင့် ရွက်ဆစ်(၄-၅) ရွက်ထွက်ချိန်တွင်စိုက်ရန်ဖြစ်သည်။
၂။  ၅၀%ပန်းပွင့်ရက်- (နမူနာ ၁၀ ပင်)
ပြောင်းရွှေ့စိုက်ပျိုးချိန်မှ စတင်ရေတွက်  ရန်ဖြစ်သည်။
၃။  ရိတ်သိမ်းရက်
ပြောင်းရွှေ့စိုက်ပျိုးချိန်မှ စတင်ရေတွက်  ရန်ဖြစ်သည်။       
၄။  အပင်အရွက်အရေအတွက် (ရွက်)    -(နမူနာ ၁၀ ပင်) 
ရိတ်သိမ်းချိန်ရှိ စုစုပေါင်းအရွက်အရေ အတွက်ဖြစ်ပါသည်။
၅။   အရွက်အလျား (စင်တီမီတာ)    - (နမူနာ ၁၀ ပင်)  
အရှည်ဆုံးအရွက်၏ အလျားကို တိုင်းတာခြင်းဖြစ်ပါသည်။
၆။  အရွက်အနံ (စင်တီမီတာ)    - (နမူနာ ၁၀ ပင်) 
အရှည်ဆုံးအရွက်၏အနံကို တိုင်းတာခြင်း ဖြစ်ပါသည်။ ရိတ်သိမ်းချိန်တွင် တိုင်းတာရန်။
၇။   မြေပြင်မှ အထုပ်၏အမြင့် (စင်တီမီတာ) 
မြေပြင်မှပန်းဂေါ်ဖီ(ဖြူ)ပွင့် အခြေထိတိုင်းတာခြင်းဖြစ်ပါ သည်။ ရိတ်သိမ်းချိန်တွင်တိုင်းတာရန်။
၈။   ပန်းပွင့်၏အလေးချိန်(ကီလိုဂရမ်)-(နမူနာ ၁၀ ပင်) 
စားသုံးရန်အစိတ်အပိုင်းကို တိုင်းတာခြင်းဖြစ်ပါသည်။
၉။ ပန်းပွင့်၏အရောင် - အဖြူရောင်/အဝါနုရောင်
၁၀။ ပန်းပွင့်၏ပုံသဏ္ဍာန် - ပြင်ညီ/အခုံး
၁၁။  ပန်းပွင့်၏အကျယ် (စင်တီမီတာ) - (နမူနာ ၁၀ ပင်)    
 ပန်းပွင့်၏အချင်းအား တိုင်းတာခြင်းဖြစ်ပါသည်။ ရိတ်သိမ်း ချိန်တွင်တိုင်းတာရန်။
၁၂။  ပန်းပွင့်၏အမြင့်    - (နမူနာ ၁၀ ပင်)     
ပန်းပွင့်၏အခြေမှ ထိပ်ဆုံးထိ တိုင်းတာခြင်း ဖြစ်ပါသည်။
၁၃။  အပူဒဏ်ခံနိုင်ရည်ရှိ/မရှိ၊ ကျစ်လစ်မှုရှိ/မရှိ-(နမူနာ ၁၀ ပင်)
 ပန်းပွင့်၏ ကျစ်ခြင်း၊ပွခြင်းပေါ်မူတည်၍ ဆုံးဖြတ်ခြင်းဖြစ် ပါသည်။
၁၄။  အထွက်နှုန်း(Kg/ ဧက)
 အတွင်း ၂တန်း harvested area ရှိအပင်  အားလုံး ရိတ်သိမ်း ယူပါမည်။ ရိတ်သိမ်းချိန်ရှိ စားသုံးနိုင်သောအစိတ်အပိုင်း အပွင့််အလေးချိန်ကို တွက်ခြင်းဖြစ်ပါသည်။ Plot Yield ကို အခြေခံ၍ တစ်ဧကနှုန်းရှာပါမည်။
| အထွက်နှုန်းတွက်ချက်ခြင်း (ဥပမာ) | =  ----kg x 43560 (ft2/ac) ----ft2 (Harvested area)  | 
| =    (---) kg/  ac) * (1 viss = 1.6 kg)  | 
ပန်းဂေါ်ဖီ(ဖြူ)/ပန်းမုံလာ(ဖြူ) စိုက်ပျိုးနည်းစနစ်
| ၁။ | သီးနှံအမည် | - ပန်းဂေါ်ဖီ(ဖြူ)/ပန်းမုံလာ(ဖြူ) | 
| ၂။ | မြေအမျိုးအစား | - သဲဆန်သောနှုန်းမြေ | 
| ၃။ | မြေချဉ်ငံဓါတ် | - pH ( ၆-၆.၆) | 
| ၄။ | အပူချိန် | - ၇ - ၂၄ º C | 
| ၅။ | စိုက်ချိန် | - စက်တင်ဘာ၊အောက်တိုဘာ(မြေပြန့်)၊ | 
| ၆။ | စိုက်စနစ် | - ဘောင်/ကျင်းစနစ်ဖြင့်စိုက်ပျိုးသည်။ | 
| ၇။ | မျိုးစေ့နှုန်း | - တစ်ဧက (၁၀၀-၁၅၀) ဂရမ် | 
| ၈။ | ပျိုးထောင်ခြင်း | - ပျိုးထောင်စိုက်ပျိုးခြင်း | 
| ၉။ | မြေသြဇာနှုန်းထား | - တစ်ဧကနှုန်းထား | 
| နိုက်တြိုဂျင် (N2) | - ၂၈.၇၅ကီလိုဂရမ်/ဧက | |
| ဖော့စဖရပ် (P2O5) | - ၂၀.၀၉ကီလိုဂရမ်/ဧက | |
| ပိုတက်ရှ် (K2O) | - ၂၄.၁၁ ကီလိုဂရမ်/ဧက | |
| ပဲဖတ် | - ၄၄.၆၄ကီလိုဂရမ်/ဧက | |
| နွားချေး/ကြက်ချေး | - (၁၀/၁၂)တန်/ဧက | 
၁၀။    စိုက်ပျိုးခြင်း
-    ပင်ကြား၊ တန်းကြား- ၂ပေ × ၂ပေ
-    တစ်ဧကအပင်ဝင်ဆန့်သည့်အပင်ဦးရေ    -  ၁၀၈၉၀ပင်
၁၁။    အပင်ပြုစုစောင့်ရှောက်ခြင်း
-    အပွင့်ကောင်းစွာပွင့်ချိန်တွင် နေရောင်ခြည်တိုက်ရိုက်ထိတွေ့ ပါက အရောင်ပြောင်းနိုင်၍ အရသာခါးလာနိုင်သည်။ (၂-၃) လက်မအရွယ်ရောက်ချိန်တွင် အပြင်ရွက်များစည်းပေးရပါ သည်။
၁၂။    ပိုးမွှားရောဂါကာကွယ်ခြင်း
-    ပုရစ်ဖျက်ဆီးမှုကိုဂရုစိုက်ရမည်။
၁၃။    ရိတ်သိမ်းခြင်း
(က)   အပင်သက်တမ်း - (၄လခွဲ--၅လ)
-    ဆွတ်ခူးသည့်အကြိမ်/ကာလ    - ရွေ့စိုက်ပြီး(၂လ-၂.၅လ)
        