မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ Technical Seed Comitie (TSC) တင်ပြရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းနှင့် မှတ်တမ်းကောက်ယူခြင်း
၁။ | သီးနှံအမည် | - နှမ်း |
၂။ | စိုက်ပျိုးမည့် ရာသီ/ဒေသ/အကြိမ် | - နှမ်းသီးနှံအများဆုံး စိုက်ပျိုးသောဒေသများ (မကွေး၊ ညောင်ဦး၊မြင်းခြံ) |
၃။ | အကွက်အရွယ်အစား | - ၁၅ ပေ × ၆ တန်း |
၄။ | စံထားမျိုး | - နှမ်နက် - ဆင်းရတနာ-၃၊ ဆင်းရတနာ -၁၄ ၊ ဒေသစံထားမျိုး |
၅။ | တန်းကြား၊ ပင်ကြား | - |
ကိုင်းဖြာမျိုး | ၁၅ လက်မ × ၄လက်မ | |
တပင်တိုင်မျိုး | ၁၂ လက်မ × ၄လက်မ | |
၆။ | စမ်းသပ်ကွက်ပုံစံ | - RCB Design |
ထပ်ပြုကြိမ် | စမ်းသပ်မည့်မျိုးအရေအတွက်ပေါ်မူတည်၍ ဆောင်ရွက်ရန် | |
၇။ | မြေသြဇာနှုန်းထား | |
ယူရီးယား | ၈၄ ပေါင်/ဧက | |
တီစူပါ | ၅၆ ပေါင်/ဧက | |
ပိုတက်ရှ် | ၂၈ ပေါင်/ဧက |
၈။ အပင်ပြုစုမှုနည်းစနစ်
- အပင်ပေါက်ရာခိုင်နှုန်း ၈၀ နှင့်အထက်ရှိသောမျိုးကိုသုံးရန်
- မြေမျက်နှာပြင်ညီစေရန်အထူးဆောင်ရွက်ရန်
- ရေသွင်း၊ ရေထုတ်မြောင်းများစနစ်တကျပြုလုပ်ပေးရန်
- မူမှန် ရွက် ၆ ရွက်ထွက်သည့်အချိန်တွင် တစ်ကျင်းတစ်ပင် ချန်သားခွဲရန်
- ကြားလိုက်ပေါင်းရှင်းခြင်းကိုအပင်ငယ်စဥ်တွင်ပြုလုပ်ရန်
- အပွင့်စပွင့်ချိန်နှင့် အပွင့်တိတ်စအချိန်တွင် ရေလိုအပ်မှုမရှိစေ ရန်နှင့်လိုအပ်ပါက ရေတစ်ကြိမ်စီ သွင်းပေးပါ။
- စုပ်ပိုးများနှင့်ရွက်လိပ်ပိုးများကို ကြိုတင်ကာကွယ်နှိမ်နှင်း ပေးရန်
- အလေအလွင့်နည်းအောင်အချိန်မီရိတ်သိမ်းခြင်း၊စနစ်တကျပုံခြင်း၊နှမ်းထောင်ခြင်းများပြုလုပ်ပါ။
၉။ ကောက်ယူရမည့်မှတ်တမ်းများနှင့်ကောက်ယူရမည့်စံချိန်စံညွှန်းများ
၅၀ ရာခိုင်နှုန်းအပင်ပေါက်စုံရက်
- အကွက်ငယ်အတွင်းရှိ အပင်ဦးရေစုစုပေါင်း၏ ၅၀% အပင်ပေါက်စုံသောနေ့ကို မှတ်ယူရန် ဖြစ်သည်။
ပန်းစတင်ပွင့်ရက်
- အကွက်ငယ်အတွင်းရှိအပင်များ၏ပန်းစပွင့်သောရက်ကို ကောက်ယူရန် ဖြစ်ပါသည်။
၅၀ ရာခိုင်နှုန်းပန်းပွင့်ရက်
- အကွက်ငယ်အတွင်းရှိ အပင်ဦးရေစုစုပေါင်း၏ ထက်ဝက် အပင်ဦးရေမှ ပန်းပွင့်သောရက်ကို ကောက်ယူရန် ဖြစ်ပါသည်။
အပင်အမြင့် (စင်တီမီတာ)
- အပင်အမြင့်တိုင်းရာတွင် နမူနာယူထားသောအပင် (၁၀)ပင်ကို အပင်ခြေရင်းမှ အပင်ထိပ်ဖျားထိ တိုင်းရန်ဖြစ်ပါသည်။ နမူနာ ယူသော အပင် (၁၀)ပင်သည် စမ်းသပ်ကွက်ကို ကိုယ်စားပြုသော အပင်များ ဖြစ်ရန်လိုအပ်ပါသည်။
ပထမသီးဆစ်အမြင့် (စင်တီမီတာ)
- ပထမသီးဆစ်အမြင့်တိုင်းရာတွင် နမူနာယူထားသောအပင် (၁၀)ပင် ကို အပင်ခြေရင်းမှ ပထမဆုံးအသီး အထိတိုင်းရန်ဖြစ်ပါ သည်။
တစ်ပင်ပါဘေးကိုင်း
- တစ်ပင်ပါဘေးကိုင်းအရေအတွက်ကိုရေတွက်ရာ၌ နမူနာယူထား သော အပင် (၁၀) ပင်မှ ဘေးကိုင်းအရေအတွက်ကို ရေတွက်ရန် ဖြစ်ပါသည်။ ဘေးကိုင်းရေတွက်ရာတွင် အောင်သီးပါဝင်သော ဘေးကိုင်းများကိုသာထည့်သွင်းရေတွက်ရမည်ဖြစ်ပါသည်။
တစ်ပင်ပါအသီး
- တစ်ပင်ပါအသီးအရေအတွက်ကိုရေတွက်ရာ၌နမူနာယူထားသော အပင် (၁၀) ပင်မှ အသီးအရေ အတွက်ကိုရေတွက်ရန်ဖြစ်ပါသည်။ အသီးရေတွက်ရာတွင် အောင်သီးများကိုသာရေတွက်ရမည်ဖြစ်ပါ သည်။
(၁၀) ပင်အထွက် (ဂရမ်)
- နမူနာယူထားသော အပင် (၁၀) ပင် ၏ အစေ့အလေးချိန်ကို ချိန်တွယ်ရန်ဖြစ်ပါသည်။
အကွက်အထွက် (ဂရမ်)
- စမ်းသပ်ကွက်ငယ်တစ်ခု၏ အစေ့အလေးချိန်ကိုချိန်တွယ်ရန် ဖြစ်ပါသည်။
အစေ့ ၁၀၀၀ အလေးချိန်(ဂရမ်)
- နမူနာ (၁၀)ပင်အထွက်မှ အစေ့ ၁၀၀၀ အလေးချိန်ကို ချိန်တွယ် ရန်ဖြစ်ပါသည်။
အစေ့ ၁၀၀၀ အလေးချိန်(ဂရမ်)
- နမူနာ (၁၀)ပင်အထွက်မှ အစေ့ ၁၀၀၀ အလေးချိန်ကို ချိန်တွယ် ရန်ဖြစ်ပါသည်။
အစေ့ ၁၀၀၀ အလေးချိန်(ဂရမ်)
- နမူနာ (၁၀)ပင်အထွက်မှ အစေ့ ၁၀၀၀ အလေးချိန်ကို ချိန်တွယ် ရန်ဖြစ်ပါသည်။
၁၀။ အထွက်နှုန်းတွက်ချက်ခြင်း -
တစ်ဧကအထွက်(တင်း) = တစ်ဧကရှိအပင်ဦးရေ × အစေ့၁၀၀ အလေးချိန် (ဂရမ်)× အသီးရှိအစေ့
-------------------------------------------------------------------------
454 × 1000 × ၅၄
တစ်ဧကအထွက်(တင်း) = အကွက်အထွက် (g) × 43560 × 2.2
-------------------------------------------------------------------------
အကွက်အရွယ် × 1000× 54
၁၁။ စမ်းသပ်ကွက်ကုန်ကျစရိတ် (၀.၅၀ဧက)
စဉ် | လုပ်ငန်းဆောင်ရွက်မှု | သင့်ငွေ (ကျပ်) |
---|---|---|
၁။ | ထယ်ထိုးခြင်း | ၂၂၅၀၀ |
၂။ | အမှိုက်ကောက် | ၁၀၈၀၀ |
၃။ | မြေသြဇာပက်ခြင်း | ၆၂၅ |
၄။ | စိုက်ပျိုးခြင်း | ၁၀၈၀၀ |
၅။ | နွားယှဉ်းဖြင့်စိုက်ကွက်ငယ်များဖော်ခြင်း၊ ရေ သွင်း၊ ရေထုတ်အတွက်ပတ်မြောင်းဖော်ခြင်း | ၁၇၅၀ |
၆။ | သားခွဲ၊ပေါင်းရှင်းခြင်း(၂ ကြိမ်) | ၁၆၂၀၀ |
၇။ | မြေသြဇာထည့်ခြင်း | ၁၂၅၀ |
၈။ | ငါးသွားသံထွန်လိုက်ခြင်း(၁ ကြိမ်) | ၁၇၅၀ |
၉။ | ဆေးဖျန်းခြင်း(၂ ကြိမ်) | ၁၂၅၀ |
၁၀။ | ထယ်ဘောင်လုံးခြင်း | ၁၇၅၀ |
၁၁။ | မျိုးကွဲပယ်ခြင်း | ၈၁၀၀ |
၁၂။ | စမ်းသပ်ကွက်သိမ်းခြင်း | ၁၃၅၀၀ |
၁၃။ | နှမ်းစီး၊ပုံ၊ထောင်ခြင်း | ၁၃၅၀၀ |
၁၄။ | နှမ်းမျိုးစေ့ထုတ်ခြင်း | ၁၃၅၀၀ |
၁၅။ | သန့်စင်ခြင်းနှင့်နေလှမ်းခြင်း(၅ရက်) | ၄၀၅၀ |
စုစုပေါင်း | ၁၂၁၃၂၅ | |
သွင်းအားစုများ | ||
နွားချေး | ၁၅၀၀၀ | |
ယူရီးယား | ၁၀၀၀၀ | |
ပိုတက်ရှ် | ၆၃၇၅ | |
တီစူပါ | ၅၂၅၀ | |
ပိုးသတ်ဆေး | ၅၂၅၀ | |
၄၂၈၇၅ | ||
စုစုပေါင်း | ၁၆၃၂၀၀ |
ထည့်သွင်းဖေါ်ပြရမည့်အရည်အချင်းလက္ခဏာများ
၁။ | မိဘအမည်(သို့) လိုင်းနံပါတ် |
၂။ | မူရင်းဒေသ |
၃။ | စတင်စမ်းသပ်သည့်ခုနှစ် |
၄။ | စမ်းသပ်သည့်ကာလ |
၅။ | စမ်းသပ်သည့်ဒေသ |
၆။ | အသုံးပြုသည့်စံထားမျိုး |
၇။ | အပင်ပုံစံ |
ဂ။ | အသီးပုံစံ |
၉။ | တစ်ဆစ်ရှိအသီး |
၁၀။ | တစ်ပင်ပါအသီး |
၁၁။ | တစ်သီးရှိအသီး |
၁၂။ | အစေ့ ၁၀၀၀ အလေးချိန် (ဂရမ်) |
၁၃။ | အစေ့အရောင် |
၁၄။ | ဆီပါဝင်မှုရာခိုင်နှုန်း |
၁၅။ | အထွက်နှုန်း (တင်း/ဧက) |
၁၆။ | အသက်ရက် |
၁၇။ | သင့်တော်သည့်ဒေသ |
၁၈။ | ထူးခြားသောလက္ခဏာများ |
၁၉။ | ဗီဇပြုပြင်ထားသောသီးနှံဟုတ် /မဟုတ် |