Language

  • Myanmar
  • English
Home » News » Banner News

Banner News

15th National Seed-related Committee (NSC) Meeting was held in Nay Pyi Taw, Office No.15, Ministry office.(18.6.2019)

(၁၅) ကြိမ်မြောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် (၁၅)၊ ဝန်ကြီးရုံးတွင် (၁၈.၆.၂၀၁၉) ရက်နေ့၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဒုတိယဝန်ကြီးနှင့်တကွ သက်ဆိုင်ရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် သီးနှံကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ပါသည်။ မျိုးသစ်အသိအမှတ်ပြုလက်မှတ်ရရှိရန် တင်ပြလာသည့် သီးနှံ (၁၂ ) မျိုး၏ မျိုးကွဲ ( ၅၄) မျိုးနှင့် မိဘမျိုးလိုင်း (၁၀) လိုင်းတို့ကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရန် ခွင့်ပြုခဲ့ပါသည်။

English

5th National Seed Sector Platform Meeting

ပဉ္စမအကြိမ်မြောက် National Seed Sector Platform အစည်းအဝေးကို ၁၄.၅.၂၀၁၉ တွင် Park Royal Hotel နေပြည်တော် တွင် Alternative Quality Assurance Systems: The Role of the Private Sector” ခေါင်းစဉ်ဖြင့် Private-Public ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

English

စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS) နှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် (Investment Plan) မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (ADS) နှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ် မိတ်ဆက်ခြင်းအခမ်းအနားအား (၇−၆−၂၀၁၈)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်တွင်နေပြည်တော်၊ Horizon Lake View Hotel ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတက်ရောက်အမှာစကားပြောကြားသည်။
ဆက်လက်၍ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT Fund) တို့မှ တာဝန်ရှိသူများက စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးကြသည်။

English

တတိယလေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး နှင့် ထိရောက်အောင်မြင် လုပ်ငန်းခွင်ဖော်ဆောင်ရေး အစည်းအဝေးကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တတိယလေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ထိရောက်အောင်မြင်လုပ်ငန်းခွင်ဖော်ဆောင်ရေး အစည်းအဝေးအားယနေ့နံနက်(၉:၃၀) အချိန်တွင် ရုံးအမှတ်(၃၆)၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်အမှာစကားပြောကြားသည်။

English