ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ
အမိန့်ကြော်ငြာစာအမှတ် (    ၂    / ၂၀၁၇)
၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော်     ၁၂   ရက်
(၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ      ၂၃      ရက်)
မျိုးသစ်အသိအမှတ်ပြုလက်မှတ်လျှောက်လွှာခေါ်ယူခြင်း
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီသည် အောက်ဖော်ပြပါသီးနှံအုပ်စုများတွင်ပါဝင်သော မျိုးကွဲတစ်မျိုး ချင်းအလိုက် မျိုးသစ်အသိအမှတ်ပြုလက်မှတ်သက်တမ်း၊ အသိအမှတ်ပြုလက်မှတ်ခတို့ဖြင့် အပင်မျိုးသစ်ကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းပြုလုပ်လိုသူများအား မျိုးစေ့ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ “မျိုးသစ်အသိအမှတ်ပြုလက်မှတ်” လျှောက်ထားခွင့်ပြုလိုက်သည်။
| စဉ် | သီးနှံအုပ်စုအမည် | သက်တမ်း | အသိအမှတ်ပြုလက်မှတ် | 
| ၁။ | လယ်ယာသီးနှံ | ၁၀ | ၅၀၀,၀၀၀ | 
| ၂။ | ဥယျာဉ်ခြံသီးနှံ | ၁၀ | ၅၀၀,၀၀၀ | 
| ၃။ | နှစ်ရှည်သီးနှံ | ၁၀ | ၅၀၀,၀၀၀ | 
| ၄။ | မိဘမျိုးလိုင်း | ၁၀ | ၅၀၀,၀၀၀ | 
(ဥက္ကဌ)
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ
စာအမှတ်၊ မျိုးစေ့ဥပဒေ/ ၀၂၅ / ၂၀၁၆-၁၇/         
ရက်စွဲ     ၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ            ရက်
ဖြန့်ဝေခြင်း
    ပြည်ထောင်စုဝန်ကြီးရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
    မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီဝင်များအားလုံး
    ဤဝန်ကြီးဌာနရှိဦးစီးဌာနအားလုံး
    မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီဝင်များအားလုံး
    တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ
    တိုင်းဒေသကြီး/ ပြည်နယ်မျိုးစေ့တာဝန်ခံများ
    မျိုးစေ့ကုမ္ပဏီများအားလုံး
အမိန့်အရ
(ဒေါက်တာရဲတင့်ထွန်း)
အတွင်းရေးမှူး
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ


 
        