ဘာသာစကား

  • Myanmar
  • English

နောက်ဆုံးရသတင်းများ

Home » Laws and Regulation » မျိုးစေ့အရည်အသွေး စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း

မျိုးစေ့အရည်အသွေး စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ

အမိန့်ကြော်ငြာစာအမှတ် (    ၅    / ၂၀၁၇)
၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော်      ၁၂     ရက်
(၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ     ၂၃      ရက်)

မျိုးစေ့အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း

၁။ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီသည် အသိအမှတ်ပြုလက်မှတ်ရရှိရန်ရည်ရွယ်၍ စမ်းသပ်စိုက်ပျိုးထား သည့် သီးနှံမျိုးများကိုစစ်ဆေးရန်၊ မျိုးစေ့ဝယ်ယူသုံးစွဲသူများ မျိုးစေ့အဆင့်အလိုက် စံချိန်စံညွှန်းများနှင့် ပြည့်မီသော မျိုးစေ့များဝယ်ယူသုံးစွဲနိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် စစ်ဆေးရေးမှူးများ (Inspectors) အား လိုအပ်သည် များကို လမ်းညွှန်မှုပြုနိုင်ရန် မျိုးစေ့ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (င) အရ “မျိုးစေ့အရည်အသွေး စစ်ဆေးရေးအဖွဲ့များ”ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက်  အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

စဉ်

ရာထူး၊ ဌာန

တာဝန်

(က)

ဒုတိယတိုင်းဒေသကြီး/ ဒုတိယပြည်နယ်ဦးစီးမှူး
စိုက်ပျိုးရေးဦးစီးဌာန

အဖွဲ့ခေါင်းဆောင်

(ခ)

ကိုယ်စားလှယ်တစ်ဦး
အထက်မြန်မာပြည်/ အောက်မြန်မာပြည်မျိုးစေ့တာဝန်ခံ (မျိုးစေ့ဌာနခွဲ)

အဖွဲ့ဝင်

(ဂ)

သီးနှံကာကွယ်ရေးတာဝန်ခံ (တိုင်းဒေသကြီး/ ပြည်နယ်)

အဖွဲ့ဝင်

(ဃ)

သီးနှံကျွမ်းကျင်ပညာရှင်များ
(နှံစား/ ဆီထွက်/ ပဲမျိုးစုံ / ဥယျာဉ်ခြံ/ စက်မှုသီးနှံများ)

အဖွဲ့ဝင်

(င)

မျိုးစေ့တာဝန်ခံ (တိုင်းဒေသကြီး/ ပြည်နယ်)

အတွင်းရေးမှူး

 

၂။ မျိုးစေ့အရည်အသွေးစစ်ဆေးရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်သည်-
(က)     အသိအမှတ်ပြုလက်မှတ်ရရှိရန် စမ်းသပ်စိုက်ပျိုးထားသော အပင်မျိုးသစ်များကို ဒေသရေမြေ ရာသီဥတုနှင့် ကောင်းမွန်စွာဖြစ်ထွန်းနိုင်ခြင်း ရှိ မရှိ စစ်ဆေးရမည်၊

(ခ)       စမ်းသပ်စိုက်ပျိုးသောအပင်မျိုးသစ်ကို လက်ရှိအပင်မျိုးထက် သာလွန်ကောင်းမွန်သောအချက် များ ရှိ မရှိ နှင့် ထူးခြားသည့်အရည်အသွေး ရှိ မရှိ စစ်ဆေးရမည်၊

(ဂ)       မျိုးစေ့လုပ်ငန်းလိုင်စင်လျှောက်ထားချက်နှင့်စပ်လျဉ်း၍ မျိုးစေ့ထုတ်စိုက်ခင်းများတွင်သတ်မှတ် ထားသော စံချိန်စံညွှန်းနှင့်ညီညွတ်ခြင်း ရှိ မရှိ၊ ဖြန့်ဖြူးမည့်မျိုးစေ့များကို မျိုးစေ့စံချိန်စံညွှန်းနှင့် ညီညွတ်ခြင်း ရှိ မရှိ စစ်ဆေးရမည်၊

(ဃ)     မျိုးစေ့ထုတ်လုပ်ရောင်းချခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်း၊ တင်သွင်းဖြန့်ဖြူးခြင်း၊ တင်ပို့ခြင်း၊ မျိုးစေ့သိုလှောင်ခြင်းတို့ကို မျိုးစေ့လုပ်ငန်းလိုင်စင်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် ညီညွတ်စွာဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးရမည်၊

(င)       မျိုးစေ့အရောင်းဆိုင်များတွင် ရောင်းချနေသောမျိုးစေ့များကို ထုတ်ပိုးထားသော/ ထည့်သွင်းထား သောပစ္စည်းပေါ်တွင် အချက်အလက်များမှန်ကန်စွာဖော်ပြထားခြင်း ရှိ မရှိ စစ်ဆေးခြင်းနှင့် ပညာပေးခြင်း ဆောင်ရွက်ရမည်၊

(စ)       မျိုးစေ့၊ ပျိုးပင်အရောင်းဆိုင်များကို မျိုးစေ့လုပ်ငန်းလိုင်စင် ရှိ မရှိ စစ်ဆေးရမည်၊

(ဆ)      အသိအမှတ်ပြုလက်မှတ်ရရှိပြီးသော မျိုးစေ့နှင့် ပျိုးပင်များကို ရောင်းချနေခြင်း ဟုတ် မဟုတ် စစ်ဆေးရမည်၊

(ဇ)       မျိုးစေ့လုပ်ငန်းဆောင်ရွက်နေသူများနှင့် တောင်သူလယ်သမားများအားအခါအားလျော်စွာ မျိုးစေ့ ဥပဒေ၊ မျိုးစေ့ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် မျိုးစေ့ထုတ်လုပ်သည့်နည်းပညာတို့ကို အသိပညာပေးခြင်း ဆောင်ရွက်ရမည်၊

(ဈ)       စစ်ဆေးရေးမှူးများ (Inspectors) အား လိုအပ်သည့် လမ်းညွှန်မှုများပြုရမည်၊

(ည)      စစ်ဆေးတွေ့ရှိချက်များကို မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီသို့ တင်ပြရမည်။

(ဥက္ကဌ)
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ

စာအမှတ်၊ မျိုးစေ့ဥပဒေ/ ၀၂၅ / ၂၀၁၆-၁၇/
ရက်စွဲ     ၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ           ရက်

ဖြန့်ဝေခြင်း
    ပြည်ထောင်စုဝန်ကြီးရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
    မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီဝင်များအားလုံး
    ဤဝန်ကြီးဌာနရှိဦးစီးဌာနအားလုံး
    မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီဝင်များအားလုံး
    တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ
    တိုင်းဒေသကြီး/ ပြည်နယ်မျိုးစေ့တာဝန်ခံများ
    သက်ဆိုင်ရာပုဂ္ဂိုလ်များ
 

အမိန့်အရ

(ဒေါက်တာရဲတင့်ထွန်း)
အတွင်းရေးမှူး
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ