မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီသို့ သီးနှံမျိုးသစ်အဖြစ် မှတ်ပုံတင်ရန်တင်ပြမည့် ရော်ဘာသီးနှံ မျိုးသစ်တစ်မျိုး အနေဖြင့်ကောက်ယူသင့်သည့် စမ်းသပ်ချက်များ၊ မှတ်တမ်းများနှင့် အရည်အချင်းလက္ခဏာများ
၁။ | သီးနှံအမည် | - ရော်ဘာ |
၂။ | စမ်းသပ်ကွက်ငယ်အရွယ် | - ၀.၂၃ ဧက/ မျိုးတစ်မျိုး (၂၀ပေ x ၁၀ ပေ ပင်ကြား တန်းကြား အကွာအဝေးဖြင့် စမ်းသပ်မျိုးတစ်မျိုးလျှင် အပင် (၅၀) |
စမ်းသပ်ကွက်အရွယ် | စမ်းသပ်မျိုးအရေအတွက်ပေါ် တွင် မူတည်ပါသည်။ | |
၃။ | စမ်းသပ်ကွက်ပုံစံ | - RCB Design |
၄။ | ထပ်ပြုကြိမ် | - စမ်းသပ်မျိုးအရေအတွက်ပေါ် မူတည်ပြီး (၄-၅) ကြိမ် |
၅။ | စံထားမျိုး | - စမ်းသပ်မည့်ဒေသပေါ်မူတည် ပြီး ထောက်ခံမျိုးများမှ (၁-၂) မျိုး (PB 260, RRIM 600 နှင့် BPM 24) |
၆။ | မှတ်တမ်းယူမည့်အပင် | အစေးလှီးသမားတစ်ယောက် ၏ လုပ်ကွက်တစ်ကွက်စာ အပင် ၃၅၀ - ၄၀၀ ပေါ်မူတည် ပြီး စမ်းသပ်မျိုးအရေအတွက် အရ - |
(က) ထပ်ပြုကြိမ် (၄) ခုစလုံးတွင် အစေးလှီး လုပ်သား တစ်ဦးလှီးနိုင်စေရန် ကာမိသော အပင်အရေအတွက် (သို့) | ||
(ခ) ထပ်ပြုကြိမ် (၁) ခု တည်းတွင် အစေးလှီး လုပ်သားတစ်ဦး လှီးနိုင်စေရန် ကာမိသော အပင်အရေအတွက် | ||
၇။ | အပင်အမျိုးအစား | - ၂ ဖုံရင့် အဖူးကူးပင် |
၈။ | ဒေသအရေအတွက် | - ရာသီဥတုကွဲပြားသော ဒေသ ၃-၅ နေရာ |
၉။ | အစေးလှီးစနစ် | - ½S d2 (အပင်လုံးပတ်တစ်ဝက်၊ ရက်ခြားလှီး) |
- အစေးထွက်လှုံဆော်ဆေး မသုံးရပါ။ | ||
အခေါက်ကျနှုန်း | ၁.၅ မှ ၁.၇ မီလီမီတာ/၁ရက် | |
၃၀ မီလီမီတာ/၁လ | ||
အစေးလှီးလ (ရက်) | ၈ လ (၁၁၀-၁၁၅ ရက်) | |
အစေးလှီးပင် | ၅၀ လက်မ အမြင့်တွင် လုံးပတ် ၂၀ သတ်မှတ်ခြင်းလက်မရှိသောအပင်များ ၇၀% ရှိသည့် အချိန် |
၁၀။ မြေသြဇာနှုန်းထား
(၁)စိုက်ကျင်းအခံအဖြစ် Rock Phosphate ၄ အောင်စ/ကျင်း
(၂)ပ နှစ် မိုးဦးတွင် ၁၁:၁၈:၄:၃ အရော ၃ အောင်စ/ပင်
မိုးနှောင်းတွင် ၁၁:၁၈:၄:၃ အရော ၄ အောင်စ/ပင်
(၃)ဒု နှစ် မိုးဦးတွင် ၁၁:၁၈:၄:၃ အရော ၈ အောင်စ/ပင်
မိုးနှောင်းတွင် ၁၁:၁၈:၄:၃ အရော ၁၀ အောင်စ/ပင်
(၄)တ+စ နှစ်တွင် ၁၁:၁၈:၄:၃ အရောကို မိုးဦးတွင် ၁၂ အောင် စ/ပင်
နှင့်မိုးနှောင်းတွင် ၁၂ အောင်စ/ပင်
(၅)ပဉ္စမ နှစ်တွင် ၁၅:၁၅:၆:၄ အရောကို မိုးဦးတွင် ၁၂ အောင်စ/ပင်
မိုးနှောင်းတွင် ၁၂ အောင်စ/ပင်
(၆)အစေးလှီးပြီးနောက်ပိုင်းနှစ်များ ၁၅:၁၅:၆:၄ အရောကို မိုးဦးတွင် ၁၆ အောင်စ/ပင်
နှင့်မိုးနှောင်းတွင် ၁၆ အောင်စ/ပင်
(သို့) ၁၅:၇:၁၈:၂ အရောကို မိုးဦးတွင် ၁၆ အောင်စ/ပင် နှင့် မိုးနှောင်းတွင် ၁၆ အောင်စ/ပင်
၁၁။အပင်ပြုစုနည်းစနစ်
(၁) တောခုတ်ခြင်းနှင့် ၆ပေလိုင်း တန်း အပြောင်ရှင်းခြင်း-
မိုးဦး(၁) ကြိမ် နှင့် မိုးနှောင်း (၁) ကြိမ်
(၂) မြေသြဇာကျွေးခြင်း -
မိုးဦး(၁) ကြိမ် နှင့် မိုးနှောင်း (၁) ကြိမ်
(၃) အစိုဓါတ်ထိန်းခြင်း -
မိုးရာသီကုန်စပြုချိန်
(၄)ကိုင်းပိုဖြတ်/ ကိုင်းထွက်စေရန် ပြုပြင် ခြင်း -
အပင်အမြင့် ၉ ပေ အတွင်း ရွက်ဖုံ ၂-၃ ဖုံ ရှိတိုင်း ၎င်းအဖုံအောက်ပိုင်း ပင်စည်မှ ထွက်ရှိနေသည့် ကိုင်းပိုများ ကို ထိန်းချုပ်စနစ် (Control Pruning) ဖြင့် ဖြတ်ခြင်း၊
၉ ပေ အမြင့်ကျော်သည်အထိ ကိုင်း ဖြာခြင်းမရှိသော အပင်များတွင် ရွက် ဖုံရင့် ထိပ်ဆုံးအဖုံရှိ dormant bud ကို ထိုအဖုံ၏ အရွက်များဖြင့် ဖုံးအုပ် ပေးခြင်း (သို့) ရင့်သော ထိပ်ဆုံးရွက် ဖုံ၏ အလက်များကို အခြေမှ ကပ်၍ ဖြတ်ခြင်းဖြင့် ကိုင်းများ ထွက် စေရန် စနစ်တကျဆောင်ရွက်ခြင်း (Branch Induction)
(၅) သေပင်ဖာခြင်း -
သေပင်များကို စိုက်ပြီး ၁-၂ နှစ် အတွင်း ဖာထေးစိုက်ပျိုးရပါမည်။ ဖာထေးထားသော အပင်များကို မှတ်တမ်းကောက်ယူမည် မဟုတ်ပါ။
(၆) ပိုးမွှား၊ရောဂါကာကွယ်ခြင်း -
ကျရောက်သောပိုးမွှားရောဂါ အမျိုးအစားအလိုက် ထိရောက်သော နှိမ်နင်းမှုများဆောင်ရွက်ခြင်း
၁၂။ကောက်ယူမည့် မှတ်တမ်းများ
(၁) ၁ နှစ်သားအပင် - အပင်အမြင့်လုံးပတ် ရွက်ဖုံအရေအတွက်
(၂) ၂ နှစ်သားနှင့် ၂ နှစ်သား အထက်ရှိ အပင် - လုံးပတ်
(၃) အစေးလှီးပင် - လုံးပတ် အထွက်နှုန်းရော်ဘာအစေးသား အခြောက်ပါဝင်မှု
(၄) ရောဂါဒဏ်ခံနိုင်ရည်ရှိမှု
(၅) လေတိုက်ဒဏ်ခံနိုင်ရည်ရှိမှု
၁၃။ အထွက်နှုန်း တွက်ချက်ခြင်း
- ( g/ tree/ tap ×၁၁၅ ရက် × ၁၅၀ ပင်/ ဧက)/ ၄၅၄ = …ပေါင်/ဧက
စမ်းသပ်ကွက်ကုန်ကျစရိတ် | (၁) အကြိုနှစ် - ၃၃၅,၇၅ဝိ/- | |
(၂) စိုက်နှစ် - ၂၂၁,၇၅ဝိ/- | ကုန်ကျစရိတ် စုစုပေါင်း= | |
(၃) ထိန်းသိမ်း ၆ နှစ်= ၂.၅ သိန်းx ၆ နှစ်= ၁၅ သိန်း | ၉,၈၅၇,၅၀၀/- | |
(၄) အစေးလှီး ၁၃ နှစ်= ၇၈ သိန်း |
ကောက်ယူမည့် မှတ်တမ်းအချက်အလက်များ
၁။ ၁ နှစ်သားအပင်
(က) အပင်အမြင့် - မြေပြင်မှ(သို့) အဖူးဆက်သည့်နေရာမှ ရင့်နေ သောထိပ်ဆုံးရွက်ဖုံ၏ dormant bud အထိ အမှတ်အသား မှတ်ထားသော တိုင်းတုတ်ဖြင့် တိုင်းပါမည်။ ဒီဇင်ဘာလ၌ ဆောင်ရွက်ပါမည်။
(ခ) လုံးပတ် - မြေပြင်မှ (သို့) အဖူးဆက်သည့်နေရာမှ ၅၀ စင်တီမီတာအမြင့်တွင် ပင်စည်၌ ဆေးရစ်ပြီး Measuring tape ဖြင့် တိုင်းပါမည်။ ဒီဇင်ဘာလ၌ ဆောင်ရွက်ပါမည်။
(ဂ) ရွက်ဖုံအရေအတွက် - ရွက်ဖုံအရေအတွက်ကိုလည်း ဒီဇင်ဘာလ၌ပင် မှတ်တမ်းယူပါမည်။
၂။ ၂ နှစ်သားနှင့် ၂ နှစ်သားအထက်ရှိ အပင်
(က) လုံးပတ် - ၂ နှစ်သားနှင့်နောက်ပိုင်းနှစ်များတွင် အပင်မှာ မြင့်လွန်းသွားခြင်းကြောင့် အမြင့် မှတ်တမ်းမယူတော့ဘဲ ပင်စည်လုံးပတ်သာ မှတ်တမ်းယူပါသည်။ မြေပြင်မှ (သို့) အဖူး ဆက်သည့် နေရာမှ ၁၅၀ စင်တီမီတာအမြင့်တွင် ပင်စည်၌ ဆေးရစ်ပြီး Measuring tape ဖြင့် တိုင်းပါမည်။ ဇွန်နှင့် ဒီဇင်ဘာလများ၌ တစ်နှစ် (၂) ကြိမ် ဆောင်ရွက်ပါမည်။
၃။ အစေးလှီးပင်
(က) လုံးပတ် - မြေပြင်မှ (သို့) အဖူးဆက်သည့်နေရာမှ ၁၅၀ စင်တီ မီတာအမြင့်တွင် ပင်စည်၌ ဆေးရစ်ပြီး Measuring tape ဖြင့် တိုင်းပါမည်။ ဇွန်နှင့် ဒီဇင်ဘာလများ၌ တစ်နှစ် (၂) ကြိမ် ဆောင်ရွက်ပါမည်။
(ခ) အထွက်နှုန်း - တစ်ပင်ချင်းစီ၏ အစေးခံခွက်အလေးချိန် (g) ကို Digital balance ဖြင့် ကြို တင်ချိန်ပြီး မှတ်တမ်းယူမည်။ အစေးခံခွက်နှင့် အစေးရည်အလေးချိန် (g) ကို ချိန်ပြီး အစေးခံ ခွက် အလေးချိန် (g) ကို နုတ်ပါက အစေးရည်အလေးချိန် (g/ tree/ tap) ကိုရမည်။ အစေးရည်ကို ၂% Formic acid ဖြင့် သမအောင်ရောမွှေပြီး ခဲကာ ညသိပ်ရေဖြင့် အက်ဆစ်ကုန် သည်ထိ ဆေးကြောပြီး smooth roller ဖြင့် ရော်ဘာပြားအထူ ၂-၃ မီလီမီတာ ခန့်ရအောင် ကြိတ်ပါမည်။ ပြီးနောက် groove roller ဖြင့် (၁) ကြိမ် ကြိတ်ပါမည်။ အရိပ်တွင် (၁) လ လေသလပ်ပြီး အစေးပြား အခြောက်အလေးချိန်ကို ချိန်ပါမည်။ g/ tree / tap ဖြင့်ဖော်ပြပါမည်။
(ဂ) ရော်ဘာအစေးသားအခြောက်ပါဝင်မှု (DRC %) - အောက်ပါအတိုင်းတွက်ချက်ပါမည်။
DRC % = (အစေးသားအခြောက်အလေးချိန်/ အစေး ရည်အလေးချိန်) ၁၀၀
၄။ ရောဂါဒဏ်ခံနိုင်ရည်ရှိမှု
(က) သီးပုပ် ရွက်ကြွေ၊ ရွက်ပုပ်ရောဂါ (Phytophthora pot rot and leaf fall)
Disease score of Phytophathora leaf fall
0 = nill;
1 = leaf fall less than 10% of canopy
2 = leaf fall range between 10-25 of canopy
3 = leaf fall range between 26-50% of canopy
4 = leaf fall range between 51-75 % of canopy
5 = leaf fall greater than 75% of canopy
ကာကွယ်နှိမ်နင်းနည်း
(၁) အကိုင်းအခက်၊ အသီးပုပ်၊ အခေါက်ဆွေးများကို မီးရှို့ ဖျက်ဆီးပါ။
(၂) ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပါ။
(၃) Funguran 0.2%, Ridomil, Mencozeb – systematic- fungicide
(ခ) နှင်းမှုံရောဂါ
Disease score of Powdery Mildew
0 - No disease
1 - Very light
2 - Light
3 - Moderate
4 - Severe
5 - Very severe
ကာကွယ်နှိမ်နင်းနည်း
(၁) ဆောင်းတွင်းအရွက်နုလဲချိန်- အစေးလှီးခြင်းရပ်နား။
(၂) အရွက်သစ်ထွက်ချိန် - နိုက်ထရိုဂျင်ဓါတ်မြေသြဇာမကျွေးရ။
(၃) Kumulus 10 g/ 4 litre H2O / week
(၄) Sulphur 1.2 g/ 1 litre H2O နှင့် Bavistin 5 gm/ 1 litre H2O (alternative spray)
(ဂ) ဌက်မျက်စေ့ရောဂါ ကာကွယ်နှိမ်နင်းနည်း
(၁) မြေသြဇာ လုံလောက်အောင် ကျွေးပါ။
(၂) နွေရာသီ၌ ရေလုံလောက်စွာ လောင်းပါ။
(၃) Funguran (0.2%) ကို ၅ ရက်တစ်ကြိမ်ဖြန်းပါ။
(၄) Dithane M 45 - 2 gm / lit နှုန်းကို ၁၀ ရက် (သို့) ၁၅ ရက်တစ်ကြိမ်ဖြန်းပါ။
(၅) Bavistin 2 g/ lit ကို Dithane M 45 နှင့် တစ်လှည့်စီ ဖြန်းပါ။
(ဃ) Colletotrichum secondary leaf fall
Disease score of Colletotrichum secondary leaf fall
0 no infected leaves
1 less than 10% of leaves infected
2 10-50% of leaves infected
3 More than 50% of leaves infected
ကာကွယ်နှိမ်နင်းနည်း
(၁) မြေသြဇာလုံလောက်အောင်ကျွေးပါ။
(၂) Funguran (0.2%) ကို ၅ ရက်တစ်ကြိမ်ဖြန်းပါ။
(၃) Bavistin 2 g/ lit ကို Dithane M 45 နှင့် တစ်လှည့်စီ ဖြန်းပါ။
(င) Corynespora leaf fall
Disease score of Corynespora leaf fall
0 no disease
1 up to 5 spots (very light)
2 5-10 spots and 0-25% leaf fall (light)
3 > 10 spots and 26-50% (Moderate)
leaf fall
4 Large lesion and 51-75% leaf fall (Severe)
5 > 76 % leaf fall (Very severe)
ကာကွယ်နှိမ်နင်းနည်း
(၁) ပျိုးခင်း၌ ပေါင်းမြက်ရှင်းရန်အရေးကြီးသည်။
(၂) ခံနိုင်ရည်ရှိသော မျိုးများကိုစိုက်ပျိုးပါ။
(၃) Dithane M 45 (2.5 g/lit), Thirum, Bavistin (1 g/lit), Copper oxychloride (2.5 g/lit)
(စ) ဖိုးလမင်းကျိုင်း ( Cockchafer grubs )
ကာကွယ်နှိမ်နင်းနည်း
(၁) 0.1 % Cypermethrin
၅။ ရော်ဘာသီးနှံမျိုးသစ်၏ ထူးခြားသော လက္ခဏာများ
(က) အရွက်
(၁) မိဘ -
(၂) မျိုးစပ်ခုနှစ် - ၁ နှစ်သားအပင်၏အရွက်လက္ခဏာများ
(၃) အရွယ်အစား -
(၄) ပုံသဏ္ဍာန် -
(၅) အရောင် -
(၆) အလင်းရောင်တုန့်ပြန်မှု -
(၇) အသားကြမ်းတမ်း/ချောမွေ့မှု -
(၈) အရွက်ထိပ်ဖျား -
(၉) အရွက်အခြေ -
(၁၀) အရွက်နား -
(၁၁) ခေါက်ချိုးညီမှု -
(၁၂) အလျှားလိုက်ဖြတ်ပိုင်း -
(၁၃) ရွက်မွှာအနေအထား -
(၁၄) ဒေါင်လိုက်ဖြတ်ပိုင်း -
(၁၅) ရွက်ညှာရိုးတံ -
(က) အရွယ်အစား -
(ခ) ပုံသဏ္ဍာန် -
(ဂ) ဒေါင့် -
(၁၆) ရွက်ရိုးတံ -
(က) အရွယ်အစား -
(ခ) ပုံသဏ္ဍာန် -
(ဂ) ရွက်ညှာရင်းဖု -
(၁၇) ရွက်ဖုံ
(က) ရွက်ဖုံအကွာအဝေး -
(ခ) ရွက်ဖုံအကျယ် -
(၁၈) ဒုတိယရွက်ဖုံအနေအထား -
(၁၉) ပြင်ပသွင်ပြင်လက္ခဏာ -
၉ နှစ်သားအပင်၏လက္ခဏာများ
(၂၀) ရွက်အုပ် -
(၂၁) ကိုင်းဖြာမှု -
(၂၂) ပင်စည် -
(ခ) မျိုးစေ့
(၁) အရွယ်အစား
အလျား -
အနံ -
အထူ -
(၂) ပုံသဏ္ဍာန် -
(၃) အရောင် -
(၄) ထင်ရှားသောအမှတ်အသား -